Ep.37

9.5K 443 37
                                    

""ကိုကိုကလဲ..ကြာလိုက်တာ..ငယ်တောင်..ဖုန်းဆက်ပြီး..ကိုကို့ကို ရန်တွေ့တော့မလို့..သိလား..""

ရန်နိုင်ရှင်း..ဦးတိမ်တိုက်ရဲ့အိမ်ကိုရောက်သွားချင်းမှာဘဲ..ငယ်က စီးကြိုပြီး ဆိုလာခဲ့သည်။

ရန်နိုင်ရှင်း အသာပြုံးတုံ့နေမိသည်။

ငယ့်က ရန်နိုင်ရှင်းအနားသို့  ချဉ်းကပ်လာပြီး..ရန်နိုင်ရှင်းရဲ့ ‌လက်မောင်းကို ဆွဲဖက်လိုက်ပြီး..

""ကိုကိုက..ငယ်အတူတစ်ခန်းထဲမှာ..နေရမှာနော်..""

""ဟမ်..""

ငယ့် စကားကြောင့်..ရန်နိုင်ရှင်းတစ်ယောက် မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရသလို..ဦးတိမ်တိုက်၏ မျက်နှာသည်လဲ ချက်ချင်းဆိုသလို.ပျက်ယွင်းလို့ သွားခဲ့လေသည်။

""ငယ်..ဘာတွေ..ပြောနေတာလဲ..ငယ်နဲ့အတူ..ကိုကိုက ဘယ်လိုဖြစ်ပြီး..တစ်ခန်းတည်းနေလို့ရမှာလဲ..""

""မရဘူး..အတူနေရမှာဘဲ..ငယ်ဒီအချိန်မှာ..ယုံကြည်ရတဲ့သူဆိုလို့ .ကိုကိုတစ်ယောက်တည်းဘဲ .ရှိတာ..""

""ငယ်..မင်းနဲ့..ရန်နိုင်ရှင်းက..တစ်ခန်းတည်းမှာ အတူနေဖို့ .ဘယ်လိုမှ..မသင့်တော်ဘူးနော်..မင်း..ကိုယ့်ကို ခွင့်လွှတ်မပေးသေးဘူးဆိုတာ..ကိုယ်သိတယ်..ဒါပေမယ့်မင်း.. ရန်နိုင်ရှင်းနဲ့အတူ..တစ်ခန်းတည်းမှာ..အတူနေမဲ့
ကိစ္စကိုတော့..ကိုယ်ခွင့်မပြုနိုင်ဘူးကွာ..""

""ခွင့်မပြုပေးနိုင်ဘူး..ဟုတ်လား..အဲ့ဒါဆိုလဲ..ရတယ်လေ...ငယ်..ဒီမှာ..မနေတော့ဘူး...ကိုကိုနဲ့အတူ .ကိုကိုတိုက်ခန်းမှာဘဲ .ပြန်နေတော့မယ်..ဟုတ်ပြီလား..""

ငယ်..က ပက်ခနဲ့ဆိုလိုက်သည်။

""ဟာ.ငယ်..မင်းအဲ့လို..မလုပ်နဲ့လေ..ကိုယ့်ကို.ဒီထက်ပိုပြီး..နှိပ်မစက်ပါနဲ့တော့ကွာ...""

""နှိပ်စက်တယ်..ဟုတ်လား.
..ဟက်..ငယ်က..ခင်ဗျားကို နှိပ်စက်နေတယ်ပေါ့ .ဟုတ်လား..ဟား..ဟား..
စဉ်းစဉ်းစားစားလဲ..ပြောပါဗျာ..
ခင်ဗျားကို..ငယ့်က..ဘယ်မှာ နှိပ်စက်နေလို့လဲ.‌ေနာက်ပြီး..ငယ် နဲ့ကိုကို့ကို..စိတ်မချဖြစ်နေရအောင်..ငယ်တို့က .ဘာတွေများလုပ်ထားတာရှိနေလို့လဲ ..နောက်ပြီး.ကိုကို့ဆီမှာ..ငယ်..၁လကျော်ကျော်..၂လနီးပါးထိ.နေခဲ့ဖူးတယ်ဆိုတာကိုလဲ.ခင်ဗျားမမေ့ပါနဲ့..""

❤️Love and sex ❤️20+Where stories live. Discover now