ep.32

12.2K 608 116
                                    

(ချေက ‌စိတ်ကူးယဉ်ပြီး ရေးထားတာကြောင့်မို့.ယုတ္တိမတန်သလို ဖြစ်နေရင်လဲ သည်းခံပြီး ဖတ်ပေးကြပါနော်)

""boss..ဒီအချိန်က အရက်သောက်နေရမဲ့ အချိန်မဟုတ်ဘူးထင်တယ်နော်..""

ဘေးနားမှာ ရပ်နေတဲ့ သံလုံးက ..အရဲစွန့်ပြီး ဆိုလိုက်တယ်။

""ငါသိပါတယ်..သံလုံးရာ..ငါအရမ်း စိတ်ထိခိုက်နေလို့ပါ....ငါကြောင့် ငယ်နာကျင်နေရတာတွေက..များလွန်းနေပါပြီကွာ..များလွန်းနေပါပြီ...""

ဦးတိမ်တိုက်ကဆိုရင်း..အရက်တွေကိုသာ မော့သောက်နေလေတော့သည်။

သံလုံး အသာသက်ပြင်းချလိုက်မိသည်။ ငယ်က bossကို ထားသွားတဲ့နောက်ပိုင်း..bossတစ်ယောက် အရက်တွေကို အလွန်အကျွံ့သောက်သုံးလာခဲ့လေသည်။ တစ်ခါတစ်လေ.စိတ်လွတ်သွားတဲ့ အထိကို သောက်သည်။

ကြာလာရင် အရက်သမားလုံးလုံးဖြစ်သွားမှာကိုတောင် သံလုံး
ကြောက်နေမိတော့သည်။

ဒါတွေအားလုံး မျိုးသူဂျိုမွှေ‌လို့ ဖြစ်ရတာ..မျိုးသူ.မျိုးသူ..မင်းကို bossက ခွင့်လွှတ်ပေးရင်တောင်.ငါကတော့..မင်းကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး..။မင်း bossနဲ့ သခင်လေးထူးငယ်ကို ဒုက္ခပေးတာတွေက အရမ်းများနေပြီ..။

""သံလုံး..''

""ဟုတ်ကဲ့..boss..""

""ငါခိုင်းတာတွေကို မမေ့နဲ့နော်.အဲ့သုတ ဆိုတဲ့ကောင်နဲ့ သူရဲ့မိသားစုတွေ တစ်ဆွေလုံးတစ်မျိုးလုံး ဒုက္ခရောက်သွားတာကို ငါမြင်ချင်တယ်..ဖြစ်နိုင်ရင်..Qဆေးရုံကြီးကိုပါ အမှုန့်ချေပစ်လို့ရ ချေပစ်ချင်တယ်ကွာ..ရှင်းလား..""

""စိတ်ချပါ.bossဖြစ်ချင်တာတွေ..အကုန်ဖြစ်လာအောင်.ကျွန်တော် လုပ်ပေးပါ့မယ်..""

❤️❤️❤️

  မနက်အစောကြီးငယ် ရှိရာ တိုက်ခန်းဆီကို ရဲသား၅ဦးနဲ့ ရက်ကွက်လူကြီးတချို့ တို့ ရောက်ချလာခဲ့တယ်။

""မင်းက မောင်ထူးငယ် လား.'"

""ဟုတ်ပါတယ်..ဘာကိစ္စများရှိလို့ပါလဲ..""

""မောင်မျိုးသူကို အဆိပ်ခပ်ပြီး သတ်ရန်ကြံစည်မှုနဲ့ မောင်ထူးငယ်ကို..တိုင်ထားတာကြောင့်..တာ၀န်အရ လာရောက်ပြီး ဖမ်းရတာဖြစ်ပါတယ်..""

❤️Love and sex ❤️20+Where stories live. Discover now