ep.31

10.9K 590 45
                                    

   (ချေ စိတ်ကူးယဉ်ပြီး ရေးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့်မို့..ယုတ္တိမတန်သလို ဖြစ်နေရင်လဲ သည်းခံပေးကြနော်..။ ဇာတ်လမ်းထဲမှာ ပါတဲ့ ဆေးရုံနာမည်တွေက ချေ စိတ်ကူးယဉ်ပြီး လျှောက်ပေးထားတာနော်.)

ကိုကိုထွက်သွားပြီး သိပ်မကြာခင်မှာဘဲ အခန်းတံခါး ဘဲလ်တီးသံမြည်လာတာကြောင့်..ငယ်လဲ တိုက်ခန်းတံခါးဖွင့်ကြည့်လိုက်တယ်။

""ငယ်လေး..""

""ဟင်.ကိုမျိုးသူ..ခင်ဗျားဒီကို ဘာလုပ်လာတာလဲ..""

မထင်မှတ်ဘဲ အခန်းတံခါး၀ မှာရပ်နေတဲ့သူက မျိုးသူ ဖြစ်နေခဲ့တယ်။

""ဟို...တို့ ငယ်လေးကို တောင်းပန်ချင်လို့ပါ..""

""မလိုပါဘူး..ခင်ဗျားကျွန်တော်ကို..ဘာမှတောင်းပန်စရာလဲ မလိုသလို..ခင်ဗျားနဲ့လဲ ပြောစရာ စကားလဲမရှိဘူးဗျာ့..အဲ့တော့..ခင်ဗျားပြန်လိုက်ပါတော့နော်..""

ငယ် ပြောင်ပြောင်တင်းတင်းဘဲ မျိုးသူကို နှင်လွှတ်လိုက်ပါတယ်။

""သိပါတယ်..မင်း တို့ကို အရမ်းမုန်းတီးနေမယ်ဆိုတာ..တို့တကယ်ဘဲ မင်းကိုတောင်းပန်ပါတယ်..""

မျိုးသူက မျက်နှာငယ်လေးနဲ့
ဆိုရင်း..လှည့်ထွက်သွားဖို့ ဟန်ပြင်လိုက်တယ်။

""အား...ကျွတ်...ကျွတ်..""

နောက်တော့ နားထင်ကို လက်နဲ့ထောက်ထားနဲ့ နာကျင်နေဟန် ညည်းညူလိုက်တာကြောင့် ငယ် အနည်းငယ်ထိတ်လန့်သွားကာ..

""ဘာဖြစ်တာလဲ..""

""ဘာမှမဖြစ်ပါဘူး..မနက်စာ ဘာမှမစားရသေးလို့..ခေါင်းထဲ နည်းနည်းလေး မိုက်ခနဲ့ ဖြစ်သွားတာပါ..""

""ဘာ အခုချိန်ထိ မနက်စာ မစားရသေးဘူး ဟုတ်လား..ခင်ဗျား ဘယ်လို လူလဲ..ကိုယ်၀န်ဆောင်တွေဆိုတာ အချိန်မှန် စားပေးရတယ်ဆိုတာကို မသိဘူးလား..""

""တို့သိပါတယ်..ဒါပေမယ့်..bossက တို့နဲ့ တို့ရင်သွေးလေးကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူးလေ..သူ..တို့ကိုအရမ်းမုန်းနေတယ်..တို့ကြောင့် သူနဲ့ငယ်လေးတို့ ဝေးကွာရတာဆိုပြီး..တို့ကို ခဏခဏ ရန်ရှာတယ်..တို့လေ..တစ်ရက်လေးမှကို စိတ်ချမ်းသာရတယ် မရှိပါဘူး..ငယ်လေးရယ်..""

❤️Love and sex ❤️20+Where stories live. Discover now