Season(1).End ..

20K 517 40
                                    

ကိုးမီရဲ့ မွေးစားအဖေ.အန်ကယ် ဗစ်တာဆိုတဲ့သူနဲ့..ဦးတိမ်တိုက်က အသိမိတ်ဆွေ တွေ ဖြစ်နေတာကြောင့်..အန်ကယ် ဗစ်တာဆီကိုအကြောင်းကြားပြီး..ကိုးမီကို ပြန်ထည့်ပေးလိုက်ရလေသည်။

ဦးတိမ်တိုက်က.ကိုးမီရဲ့ လိင်စိတ်ခံယူမှုအကြောင်းကို..အန်ကယ်ဗစ်တာ..သိအောင် ‌သေချာပြောပြလိုက်ပြီး..ကိုးမီအား..မိန်းမ‌..မ‌ေပးစားဖို့ရန်အတွက်ပါ..နားချ‌ေပးလိုက်ရ‌ေလသည်။

""အရမ်းလှတဲ့..ယောက်ျား.ကိုရန်နိုင်ရှင်း..""

ဆိုပြီး..ငယ်က..မကြာခဏ ခေါ်ရင်း..ရန်နိုင်ရှင်းအား..စနောက်နေခဲ့လေသည်။

""ငယ်နော်..ကိုကို့ကို..အဲ့လို မခေါ်နဲ့..ကိုကိုမကြိုက်ဘူး..""

""တောင်းပန်ပါတယ် ..အရမ်းလှတဲ့..ကိုကိုရယ်..""

""ငယ်....""

""ဟီး..ဟီး..မစတော့ဘူး.မစတော့ဘူး..."".

ငယ်က ပြောင်စပ်စပ်လေးနဲ့..ပြုံးရယ်နေပြန်တော့လဲ..ရန်နိုင်ရှင်းမှာ စိတ်မဆိုးရက်တော့..။

""ပြီးရော""

""ဪ..ဒါနဲ့.ကိုကို..ခဏလောက် ထိုင်ပါဦး..""

""ဘာလုပ်မလို့လဲ""

""ခဏလောက်..ထိုင်လိုက်ပါဆို."

ငယ်က..အနီးမှာရှိနေတဲ့..ထိုင်ခုံပေါ်မှာ..ဇွတ်အတင်း ထိုင်ခိုင်းနေတာကြောင့်..ရန်နိုင်ရှင်းလဲ..ထိုင်လိုက်သည်။

ရန်နိုင်ရှင်းလဲ..ထိုင်ခုံပေါ်..ထိုင်လိုက်နဲ့..ငယ်ကလဲ..ကြမ်းပြင်ပေါ်..ပုဆစ်တုတ်လေး ထိုင်ချလိုက်လေသည်..။

""ဟင်..ငယ်.မင်းဒါ ဘာလုပ်မလို့လဲ..""

""ကိုကို.ထမလာနဲ့နော်...ငယ်..ကိုကိုအပေါ်မှာ..ကျူးလွန်ခဲ့မိတဲ့ အပြစ်တွေအတွက်..ကိုကို့ကို ထိုင်ကန်တော့ပြီး.တောင်းပန်မလို့ပါ.""

ငယ်က ပြောပြောဆိုဆိုနဲ့ လက်အုပ်လေးပါ ချီလိုက်သည်။

""ဟာ.မဟုတ်တာ..ငယ်ရာ..ကိုကို့ကို ..ထိုင်ကန်တော့ပြီး တောင်းပန်စရာမလိုပါဘူး..""

ရန်နိုင်ရှင်းက ပြောရင်းနဲ့ ထရပ်လိုက်သည်။

""ရန်နိုင်ရှင်း..ငယ်ကန်တော့ပြီး တောင်းပန်တာကို..လက်ခံပေးလိုက်ပါ..အဲ့ကလေးက.မင်းအပေါ်မှာ အပြစ်ကြီးကြီးမားမား ကျူးလွန်မိထားတယ်ဆိုပြီး..စိတ်မကောင်းဖြစ်နေရှာတာ..သူဒီလို တောင်းပန်တာကို..မင်းက လက်ခံမပေးဘူးဆိုရင်..
.သူ့ရင်ထဲ..အမြဲတမ်း..စိတ်မကောင်းဖြစ်နေတော့မှာကွ..""

You've reached the end of published parts.

⏰ Last updated: Apr 07, 2022 ⏰

Add this story to your Library to get notified about new parts!

❤️Love and sex ❤️20+Where stories live. Discover now