ep.❤️27❤️

12.9K 680 54
                                    


    ""ငယ်..ကိုကို့ကို ဒုက္ခပေးသလိုများဖြစ်နေပြီလား..""

""မဖြစ်ပါဘူး ငယ်ရဲ့..ဒီမှာ ငယ်နေရမဲ့ အခန်း..ကိုယ်ပြင်ပေးထားတယ်..""

""ဟုတ်ကဲ့..ကျေးဇူးပါ..ကိုကို..""

""ကျေးဇူးဆိုတာ..ကိုယ်တို့ နှစ်ယောက်ကြားမှာ..မလိုပါဘူး..အားနာစရာလဲ မလိုဘူးနော်.."

"ဟုတ်ကဲ့..ပါ ကိုကို..""

""ကဲ..ခဏလောက်.နားလိုက်ဦး..ကိုကို လုပ်စရာလေးတွေ ရှိသေးလို့ လုပ်လိုက်ဦးမယ်..""

""ဟုတ်..""

ကိုကို ထွက်သွားတော့  ငယ်လဲ..ငယ့်အတွက် ပြင်ပေးထားတဲ့ အခန်းထဲမှာ ရှိတဲ့ ကုတင်ပေါ် ပစ်လှဲလိုက်တယ်။

အရင် ကိုကြီးဆီမှာ ငယ်နေခဲ့တဲ့ အခန်းလောက်တော့ မကျယ်ပေမယ့်..သူ့ဟာနဲ့သူ သေသေသပ်သပ်နဲ့..အခန်းလေးက.နေချင်စဖွယ်လေးပါဘဲ..။

ငယ် စိတ်ရှုပ်ထွေးစွာ သက်ပြင်းတွေကိုဘဲ ခဏခဏ ချနေမိတော့တယ်။

ငယ်ရင်ထဲမှာ အရမ်း မွန်းကြပ်နေတယ်။ အရမ်းလဲ ၀မ်းနည်းနေမိတယ်။
ဘာလို့လဲ..ငယ် ကိုယ်တိုင် ပြတ်ပြတ်သားသားနဲ့ ကိုကြီးဆီကနေ ထွက်လာခဲ့တာလေ..ဒါကို ဘာဖြစ်လို့များ ငယ် ရင်တွေ အရမ်းနာကျင်နေရတာလဲ..။

ငယ်  မုန်းချင်တယ်။ ငယ် ကိုကြီးကို..ခါးခါးသီးသီးနဲ့ကို မုန်းပစ်ချင်တယ်..။ ဒါပေမယ့်..ငယ့်နှလုံးသားက မုန်းလို့ မရဘူး ဖြစ်နေတယ်။

ငယ် အပေါ်မှာ ကိုကြီး ဒီလောက်ထိ ရက်စက်ထားတာတောင်မှ..ငယ် ကိုကြီးကို ချစ်နေတုန်းဘဲ.။ ငယ် ရူးများရူးနေပြီလား..။

ငယ် ဟို‌တွေး ဒီတွေးနဲ့ အိပ်ပျော်သွားတော့တယ်။

❤️❤️❤️

ငယ် အိပ်ရာက နိူးလာတော့.ညနေတောင် စောင်းနေပြီ..။ ငယ်လဲ အိပ်ရာက ထပြီး အခန်းအပြင်ဘက်ကို ထွက်လာခဲ့တယ်။ အခု ငယ်နေတဲ့ အခန်းမှာက ရေချိုးခန်းနဲ့ အိမ်သာက တွဲမပါလာဘူးလေ . ။

""ဪ..ငယ်..နိုးလာပြီလား..""

""ဟုတ်.ကိုကို.ငယ်ရေချိုးချင်လို့..ရေချိုးခန်းက.ဘယ်နားမှာလဲ .""

❤️Love and sex ❤️20+Where stories live. Discover now