ep.💓16💓

16.5K 622 74
                                    

💓ကိုကြီးကငယ်ကိုတကယ်မချစ်ဘူး💓

ကိုကိုနဲ့ဖုန်းပြောပြီးတာနဲ့ ငယ်လဲ ရေမိုးချိုး အ၀တ်စားလဲပြီး အခန်းထဲကနေ ထွက်အလာ..အခန်းအပြင်ဘက်မှာ ရပ်နေတဲ့ ကိုကြီးကိုတွေ့လိုက်ရတယ်။

""ငယ်..နိုးလာပြီလား..""

""ဟုတ်..ကိုကြီး..ဒီနေ့အလုပ်မသွားဘူးလား..""

""သွားတယ်..ငယ် ကိုစိတ်ပူလို့ ခဏပြန်လာကြည့်တာ..ဘယ်လိုနေသေးလဲ..ခေါင်းကိုက်နေသေးလား..""

ကိုကြီးက ငယ်ကို ကြင်နာစွာကြည့်ရင်းနဲ့ နူးညံစွာမေးလာတယ်။
ငယ် နည်းနည်းတော့ ရင်ခုန်သွားမိတာပေါ့..။

""ဟုတ် သိပ်မကိုက်တော့ဘူး ကိုကြီး..''

""ဒါနဲ့..ငယ်ကို ကြည့်ရတာ..အပြင်သွားမလို့နဲ့တူတယ်.ဟုတ်လား.""

''""ဟုတ်တယ်..ကိုကိုက နေ့လည်စာ အတူစားရအောင် ခေါ်လို့..သွားမလို့လေ..""

ငယ် ကိုကြီးရဲ့ မျက်နှာအခြေနေကို မသိမသာလေး အကဲခတ်နေမိတယ်။ ငယ် ကိုကိုနဲ့နေ့လည်စာအတူသွားစားမှာကို..ကိုကြီး နည်းနည်းလေးများ မနာလိုဖြစ်သွားမလားပေါ့..။

'"ဟုတ်လား..ကောင်းတာပေါ့..အဲ့ဒါဆိုလဲ သွားလေ..""

ငယ်ထင်ထားသလိုမျိုး..ကိုကြီးရဲ့ မျက်နှာပေါ်မှာ မနာလိုဖြစ်လာတဲ့ အရိပ်ယောင်မျိုးတွေ ပေါ်မလာခဲ့ပါဘူး...။ ကိုကြီးက ငယ်ကို ဘာမှမဖြစ်သလို မျိုး ပြုံးတောင်ပြနေလေရဲ့..။
ငယ် ရင်ထဲ အနည်းငယ်တော့ အောင့်သက်သွားမိတယ်..။

""ငယ်..""

""ဗျာ..""

""ရော့..ဒီမှာ မုန့်ဖိုး၁သိန်း..ယူသွား..ငယ်ကိုကိုနဲ့အတူတူ..ပျော်ပျော်ပါးပါး..လျှောက်လည်ခဲ့ ဟုတ်ပြီလား..""

လို့ ပြောရင်းနဲ့ ငယ့်ကို ထိုးပေးလာတဲ့ ပိုက်ဆံတွေ..။ ငယ် နားမလည်စွာ..ကြောင်အစွာနဲ့..ကိုကြီးကို ငေးကြည့်နေမိတယ်..။

""ယူလေ .ဘာတွေ ကြောင်ကြည့်နေတာလဲ .""

နောက်ထပ်တစ်ခါ ပြောရင်းနဲ့ ကိုကြီးက.ငယ်လက်ထဲ ပိုက်ဆံ၁သိန်းအုပ်ကို..ထိုးထည့်ပေးလာပါတယ်... ။ငယ် ကြောင်အ စွာနဲ့ အဲ့ဒီပိုက်ဆံတွေကို ဆုပ်ကိုင်ထားလိုက်တယ်။။

❤️Love and sex ❤️20+Where stories live. Discover now