💓ep.12💓

19.7K 606 35
                                    

💓ငယ်နဲ့ တွဲနေတဲ့ကောင်ကဘယ်သူလဲ.(1)💓

""ဟင်..ငယ် ဒါက ဘယ်သွားမလို့လဲ..'"

အလုပ်ကနေ ပြန်လာတဲ့ ဦးတိမ်တိုက်တစ်ယောက် အိမ်ထဲသို့အ၀င်..၀တ်စားပြင်ဆင်ထားပြီး အပြင်သို့ သွားဖို့ဟန်ပြင်နေသည့် ငယ်ကို ကြည့်ရင်း မေးလိုက်သည်။

""ဪ..ကိုကိုဆီကို သွားမလို့လေ..""

""ဘယ်က..ကိုကိုလဲ..""

ဦးတိမ်တိုက်က မျက်မှောင်ကြုတ်ထားရင်းနဲ့ ‌ပြန်မေးလိုက်သည်။

""ဟိုတစ်နေ့က..ကိုကြီးကို ပြောထားပြီးသားလေ..ငယ် အပျော်ရှာတော့မယ်လို့လေ..အခု..ငယ်ရည်းစားတစ်ယောက်ရပြီသိလား..""

""ဘယ်လို..""

""ငယ် ရည်းစားရပြီလို့ဆို..""

""ဘယ်ကကောင်လဲ..ဒီမှာ ငယ်..ကိုယ်ကို အရွဲ့တိုက်ပြချင်တာနဲ့ဘဲ..တွေ့ရာလူတွေနဲ့ လျှောက်တွဲမနေနဲ့..မင်း ဒုက္ခရောက်နေလိမ့်မယ်..""

""ဘာ..ငယ်က..ကိုကြီးကို အရွဲ့တိုက်ပြချင်လို့..တွေ့ရာလူနဲ့ တွဲပြနေတယ်လို့များ .ကိုကြီးက ထင်နေလား..လုံး၀မဟုတ်ဘူးနော်..လုံး၀ဘဲ..""

""ဘာမဟုတ်ရမှာလဲ..အခုချက်ချင်းကြီး..ကောက်ခါငင်ခါနဲ့ ရည်းစားတစ်ယောက်ရသွားတာ..ဖြစ်နိုင်ပါ့မလား..""

""ဘာလို့မဖြစ်နိုင်ရမှာလဲ.အင်းပေါ့..
.‌မြင်မြင်ချင်း အချစ်ဆိုတာမျိုးကို..ကိုကြီးတို့လို..လူတွေက ဘယ်နားလည်နိုင်ပါ့မလဲ..ဦးနှောက်ထဲမှာ အမြဲတမ်း.အချစ်ထက်...sexကိုဘဲ..ဦးစားပေး စဉ်းစားတတ်တဲ့သူမျိုးတွေကတော့ .နူးညံ့သိမ်မွေ့တဲ့ချစ်ခြင်းတရားရဲ့အကြောင်းတွေကို..ဘယ်သိပါ့မလဲနော..""

ငယ်က ခပ်ရွဲ့ရွဲ့လေးနဲ့ဆိုလိုက်တော့..ဦးတိမ်တိုက်၏မျက်နှာတစ်ခုလုံးက ဒေါသကြောင့် နီရဲခက်ထန်လို့နေ၏။

""ငယ် မင်းမဆိုင်တာတွေ လျှောက်ပြောမနေနဲ့..ကိုယ်က မင်းကို ဒုက္ခရောက်မှာစိုးလို့..စေတနာနဲ့ပြောနေတာကွ..မင်းနဲ့ကိုယ်က..နောက်ပြီး..roleချင်းလဲ တူတာမဟုတ်ဘူး..နစ်နာချင်းနစ်နာ..မင်းဘက်က ပိုပြီးနစ်နာမှာကွ .အဲ့ဒါကိုရော..မင်းနားလည်ရဲ့လား..""

❤️Love and sex ❤️20+Where stories live. Discover now