Ep.40

15K 494 82
                                    

ငယ်နဲ့ ဦးတိမ်တိုက်တို့ .Accident ဖြစ်တယ်ဆိုတဲ့..သတင်းကို ရန်နိုင်ရှင်း ကြားကြားချင်းဘဲ..ငယ်တို့ကို ပို့လိုက်သည့် ဆေးရုံဆီသို့..အမြန်ဆုံးဘဲ..လိုက်သွားခဲ့လေသည်။

""ငယ်.""

အရေးပေါ် ခွဲစိတ်ခန်းရှေ့မှာ..တုန်တုန်ယင်ယင်လေးနဲ့..ရပ်‌ေနရှာသည့် ငယ့်ကို ကြည့်ရင်း..ရန်နိုင်ရှင်းရင်ထဲမ‌ေကာင်း..။

""ငယ်...""

""ဟင်..ကိုကို..""

""ငယ်  ဘာတွေ ဖြစ်ကြတာလဲ..""

""ငယ်လဲ..သေချာမသိဘူး..ကိုကို..
ငယ်လမ်းဖြတ်ကူးနေတုန်း..ကားတစ်စီးက..ငယ့်ကို တိုက်ဖို့ကြိုးစားခဲ့တယ်..ကိုကြီးကငယ့်ကို..၀င်ကယ်ရင်းနဲ့..ထိခိုက်မိသွားတာ..ငယ် အရမ်းကြောက်တယ်..ကိုကို..ကိုကြီး..ဘာမှမဖြစ်လောက်ပါဘူးနော်..""

ငယ်က..တုန်ယင်စွာနဲ့..ရန်နိုင်ရှင်း၏လက်ကို ဆုပ်ကိုင်ထားရင်းနဲ့ ‌ဆိုသည်။

"""ဘာမှမဖြစ်ပါဘူး..ငယ်..အရမ်းကြီး စိတ်မပူနဲ့နော်..ဒါနဲ့..ငယ်ရော.ထိခိုက်မိထားတာလား..""

ငယ် အင်္ကျီပေါ်က သွေးစများကို ကြည့်ရင်း..ရန်နိုင်ရှင်း ထိတ်လန့်တကြားနဲ့မေးလိုက်သည်။

""ဟင့်အင်း..ငယ်ဘာမှမဖြစ်ဘူး...ငယ်အင်္ကျီပေါ်က..သွေးတွေက..ငယ်သွေးတွေမဟုတ်ဘူး..ကိုကြီးရဲ့သွေးတွေ..""

ငယ်က ငိုမဲ့မဲ့လေးနဲ့ဆိုသည်။ ရန်နိုင်ရှင်း ငယ်အားသနားလွန်းလို့..အသာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး..ဖက်ထားလိုက်မိသည်။

ရန်နိုင်ရှင်း ရင်ခွင်ထဲ ရောက်သွားတော့..ငယ်ခဗျာ..ကလေးငယ်တစ်ဦးလို..ရှိုက်ကြီးတငင်နဲ့..ငိုကြွေးလေတော့သည်။

၂နာရီကျော်လောက်ကြာတော့..ခွဲစိတ်ခန်းထဲကနေ ဆရာ၀န်များ..ထွက်လာခဲ့လေသည်။

""ဒေါက်တာ..ငယ့်ရဲ့ကိုကြီး..ဘာမှမဖြစ်ဘူးမလား..""

ငယ်က မျှော်လင့်တကြီးနဲ့ မေးလိုက်သည်။

""ဟုတ်ကဲ့..လူနာက.အသက်အန္တရာယ်စိုးရိမ်ရတဲ့..အခြေနေမျိုးတော့..မရှိတော့ပါဘူး..""

""တော်ပါသေးတယ်..""

နောက်ဆုံး..ဦးတိမ်တိုက်အနေနဲ့..သိပ်ပြီး စိုးရိမ်စရာအခြေနေမျိုး မရှိတော့တာကြောင့်..ငယ် စိတ်အေးသွားပြီး..
တင်းထားသည့် စိတ်တို့ကို လျော့ချလိုက်တော့..ပုံခနဲ့..ကြမ်းပြင်ထက်ပေါ်သို့.မေ့လဲကျသွားတော့သည်။

❤️Love and sex ❤️20+Where stories live. Discover now