ep.💓20💓

15.4K 714 140
                                    

💓တစ်ယောက်သောသူ အူတိုပြီ💓

""တောင်..""
ခနဲ့ ၀င်ရောက်လာတဲ့..Messageပို့သံကြောင့်..ဦးတိမ်တိုက် ဖုန်းကိုထုတ်ပြီးကြည့်လိုက်မိ၏။

""ကိုကြီး..ငယ် ဒီနေ့..အိမ်ကို ပြန်မလာဖြစ်ဘူး..ကိုကိုနေတဲ့တိုက်ခန်းမှာဘဲ..တစ်နေ့ည အိပ်လိုက်တော့မယ်..""

ဟူသော ငယ်ဆီကနေ ပို့လာခဲ့သည့်..Message လေးအား ဖတ်လို့မပြီးမှာတော့..ဦးတိမ်တိုက်တစ်ယောက် စိတ်တိုသွားပြီး..ထိုင်နေရာကနေ ဝုန်းခနဲ့ ထလိုက်၏။

"",ဟေ့..ထူးငယ်နဲ့ ရန်နိုင်ရှင်းကို..ခေါ်ပေးပါ.."

အနားမှာ ရှိနေတဲ့Waiter လေးတစ်ဦးကို..ဦးတိမ်တိုက်က..အစောတလျှင်နဲ့..လှမ်းပြောလိုက်သည်။

"ဟို..ထူးငယ် .နဲ့ ရန်နိုင်ရှင်းက.အလုပ်ဆင်းသွားပြီဗျာ့..""

ထို Waiterလေးက အူတူတူလေးနဲ့ ပြန်ဖြေလိုက်သည်။

""ဘာ...ဘယ်တုန်းကလဲ..""

"စော‌စောက..ထူးငယ်..လဲကျသွားတုန်းကတည်းပါ..ထူးငယ်..သနားပါတယ်.ဒူးနှစ်ဖက်လုံး..ကွဲသွားတာ..အဲ့ဒါ..ရန်နိုင်ရှင်းက..ငယ်ကို ဆေးခန်းပြရင်းနဲ့..အလုပ် တစ်ခါတည်း ဆင်းသွားတာပါ..""

Waiterကောင်လေးက..ဖြစ်သမျှ အကြောင်းစုံကို.ရှင်းပြလိုက်တော့..ဦးတိမ်တိုက်ရင်ထဲ..ဗလောင်‌ဆူကုန်တော့တာပေါ့..။

ငယ်ကို စိတ်ပူတာကတစ်၀က်..စိတ်မချတာက တစ်၀က်နဲ့..ငယ့်ဆီကို..ဖုန်းဆက်လိုက်ပါတော့တယ်။
သို့ပေမယ့် ငယ်က ဖုန်းကိုပါဝါပိတ်ထားတာကြောင့်..ဦးတိမ်တိုက်တစ်ယောက် ဆက်မရဘဲ ဖြစ်နေတယ်။

""ဟား.....ငယ်..ငယ် .မင်းဘာဖြစ်လို့.ဖုန်းကို စက်ပိတ်ထားရတာလဲ ကွာ...တောက်..""

ဦးတိမ်တိုက် တစ်ယောက် ဒေါသတကြီး မြည်တွန်တောက်တီးလိုက်ပြီး..ထိုနေရာကနေ ထွက်သွားဖို့ရန် ဟန်ပြင်လိုက်ပါတယ်။

""Boss ဘယ်သွားမလို့လဲ..""

မျိုးသူက စိုးရိမ်တကြီးနဲ့ ထမေးလိုက်တယ်။

''"..ငယ်ရှိနေတဲ့ .ဟိုကောင်..ရန်နိုင်ရှင်းဆိုတဲ့ ကောင်ရဲ့တိုက်ခန်းဆီကို သွားမလို့..""
ဟု စိတ်ဆိုးမာန်ဆိုးနဲ့ ပြောရင်း..ရှေ့သို့ ခြေ ၂လှမ်း ၃လှမ်း မျှ လျှောက်လှမ်းလိုက်၏။
မျိုးသူက ဦးတိမ်တိုက်ရဲ့ လက်ကို..မရဲတရဲလေး..လှမ်းဖမ်းပြီး ဆုပ်ကိုင်ထားရင်းနဲ့..

❤️Love and sex ❤️20+Where stories live. Discover now