ep.33

12.6K 665 63
                                    

   Qဆေးရုံဆီကို ဦးတိမ်တိုက် ရောက်သွားတော့.သုတ နဲ့ အရင်ဆုံခဲ့သည်။

""ဦးတိမ်တိုက် ဆေးရုံကို အစောကြီး ရောက်ချလာပါလား..'"

""အခုလို အစောကြီး.ရောက်လာအောင်..မင်းတို့ဘဲ လုပ်ခဲ့တာလေ..မဟုတ်ဘူးလား..ဒီမှာ သုတ..မင်းဒီနေ့ လုပ်ခဲ့မိတဲ့ အမှား
တွေအတွက် .ထိုက်တန်တဲ့.အပြစ်ဒဏ်တွေကလဲ မင်းကို ဆီးကြိုနေပြီနော်..
ခံနိုင်ရည်ရှိအောင်သာ ကြိုးစားထားပါ..""

ဦးတိမ်တိုက်က သုတအား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး..အေးစက် မာကြောစွာ ပြောဆိုလိုက်၏။
ဦးတိမ်တိုက်ရဲ့ စကားတွေကြောင့်..သုတ ဆွံ့အသွားကာ..
အေးခဲစွာနဲ့ ဒီအတိုင်း ဦးတိမ်တိုက်အား ရပ်ကြည့်နေတော့သည်။

ဦးတိမ်တိုက်က သူ ပြောချင်ရာ ပြောဆိုပြီးသွားတာကြောင့် သုတ အား လျစ်လျူရှု့လိုက်ပြီး မျိုးသူရှိရာ..လူနာခန်းဆီသို့သာ..ဦးတည်ပြီး လျှောက်သွားလေတော့သည်။

🚶🚶🚶

""Boss..မျိုးကို လာကြည့်တယ်.."'

ဦးတိမ်တိုက်ကို မြင်တော့ မျိုးသူက.. မျက်နှာငယ်လေးနဲ့ ဆီးကြိုပြီး ဆိုလိုက်၏။

""အဟင့်..ဟင့်..ဟင့်..boss.. မျိုး အသုံးမကျလို့..boss ရဲ့ ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီ..မျိုး လေ..မျိုး..အရမ်း၀မ်းနည်းတာဘဲ..သိလား...အဟင့်...ဟင့်...""

မျိုးသူက ပြောဆိုရင်းနဲ့..စတင်ကာ.တအိအိနဲ့..ငိုကြွေးလာတော့သည်။

ဟန်ဆောင်ကာ ငိုကြွေးနေသည့်
မျိုးသူအား..ဦးတိမ်တိုက် စိတ်ပျက်ဖွယ်ရာ..စိုက်ကြည့်လိုက်ရင်း...

""တော်တော့ မျိုးသူ..တော်လိုက်တော့..မင်းရဲ့ သရုပ်ဆောင် ပြချက်တွေကို ကြည့်ရအောင်လို့..ငါလာခဲ့တာ မဟုတ်ဘူး.""

""ဟင်..ဘယ်လို..boss..‌ဘယ်လိုပြောလိုက်တာလဲ..မျိုးကို..အခု ဟန်ဆောင်နေတာလို့..ပြောလိုက်တာလား...မျိုးက..မျိုးရဲ့ ရင်သွေးလေးကို ဆုံးရှုံးလိုက်ရတဲ့သူပါ..bossရယ်..""

""တော်စမ်းပါကွာ...မင်းကို..မင်းရဲ့ကောင် သုတ က မပြောပြဘူးလား...ဟမ်...မင်းဆီမှာ တကယ် ကိုယ်၀န်မရှိခဲ့ဘူးဆိုတာကို..ငါသိသွားပြီကွ...""

❤️Love and sex ❤️20+Where stories live. Discover now