ep.❤️28❤️

15.3K 664 90
                                    


""ဘယ်လိုလဲ .မျိုးသူ..မင်းကိုယ်၀န်အတုနဲ့ ဆွဲထားတဲ့..မင်းရဲ့ bossက မင်းကို လာမကြည့်တာ..ဒီနေ့နဲ့ဆို၃ရက်တောင် ရှိသွားပြီနော်..""

""သုတ..မင်း ငါကို တမင် လာပြီး ကောနေတာလား.."

""ငါက မင်း‌ကို လာကောနေတာ မဟုတ်ပါဘူး..မင်းအမြင်မှန်လေးများရလေမလားဆိုပြီး
.လာပြီး သတိပေးနေတာပါ...""

""ဟွန့်..မလိုပါဘူး..ကဲ ပြောပါ..မင်းလာရင်းကိစ္စကို..""

""မင်း မနက်ဖြန်ဆို..ဆေးရုံကနေဆင်းလို့ ရပြီလို့ လာပြောတာ..""

""ဟုတ်လား..အဲ့ဒါဆိုရင်..ငါ့bossဆီကို မင်းဖုန်းဆက်ပြီး ပြောလိုက်လေ..""

""မျိုးသူ..သူက မင်းကို နည်းနည်းလေးမှတောင် ဂရုမစိုက်ဘူးလေ...အဲ့တော့..မင်းရဲ့လုပ်ရပ်တွေကို ဒီနေရာမှာဘဲ ရပ်တန့်ပြီး..သူကို လိုက်ပြီး တွယ်ကပ်မနေပါနဲ့တော့လား..""

""သုတ..မင်းဘာသိလို့..ငါ့ကို ဒီလိုတွေ လာပြီး နားချနေရတာလဲ..မင်းသိလား..ငါ သူ့ကို သိပ်ချစ်လွန်းလို့ .ငါရဲ့ လူပျိုဘ၀ကိုတောင်..သူ့ရဲ့လက်ထဲ ပုံအပ်ခဲ့တာကွ...ငါရဲ့လူပျိုရည်..ငါရဲ့ခန္ဓာကိုယ်တစ်ခုလုံး..အကုန်လုံး သူ့ကိုပေးခဲ့တာ..အဲ့တော့ သူ ငါဘ၀ကို တာ၀န်ယူကို ယူရလိမ့်မယ်..."

""မျိုးသူ..မင်းနည်းနည်းလေးများ အတ္တကြီးနေသလား..မင်းတို့နှစ်ယောက် ဘယ်လို‌ေတွပတ်သက်ခဲ့လဲဆိုတာ ငါမသိဘူး..ဒါပေမယ့်..ငါအစောကြီးကတည်းက.မင်းကို ဦးတိမ်တိုက်နဲ့ပတ်သက်ပြီး သတိပေးစကားတွေ ခဏခဏပြောခဲ့ဖူးးတာဘဲ..မင်းဘာသာ..မီးပုံမှန်းသိရက်သားနဲ့ မျက်စိစုံမှိတ်ပြီး..ရှေ့ဆက်တိုးသွားခဲ့တာလေ.""

""ဟာ..မသိဘူး..မသိဘူးကွာ..
သုတ..ငါ bossကို အရမ်းချစ်တယ်..ငါ bossကို ပိုင်ဆိုင်ရမှ ဖြစ်မယ်..""

""ဟင်း.မင်းဘက်ကသာ တစ်ဖက်သတ်ကြီး..ပိုင်ဆိုင်ချင်နေတာလေ..ဟိုက..မင်းကို..ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး...နောက်ပြီး..မင်းဆီမှာ သူ့ရဲ့ရင်သွေးလေး ရှိနေပါတယ်လို့..ပြောထားတာတောင်မှဘဲ..သူက မင်းကို တစ်စက်‌လေးတောင်မှ..အရေးမလုပ်ခဲ့ဘူးနော်..အဲ့တော့.မင်းသိ‌သင့်နေပြီ..သူ့ကို..ကိုယ်၀န်နဲ့ ဗန်းပြပြီး..ဆွဲထားလို့မရဘူးဆိုတာကိုပေါ့..""

❤️Love and sex ❤️20+Where stories live. Discover now