Ep.35

13.1K 541 32
                                    

""ဂုဏ်ယူပါတယ်ဗျာ...တကယ်ဘဲ..လူနာဆီမှာ. ကိုယ်၀န်၈ပတ်ရှိနေပါပြီ...""

ဒေါက်တာစကားကြောင့် ဦးတိမ်တိုက် တစ်ယောက်..အတိုင်းမသိ ၀မ်းသာလို့သွားခဲ့လေသည်။

""ဟာ..တကယ်လား..ဒေါက်တာ.
.တကယ်ဘဲ..ငယ့်ဆီမှာ ကိုယ်၀န်ရှိနေပြီပေါ့...ဟား..ပျော်လိုက်တာဗျာ...ပျော်လိုက်တာ...""

မကြာသေးမှီကမှ သတိပြန်ရနေပြီဖြစ်တဲ့ငယ့်ကို ကြည့်ရင်းပြုံးရယ်ရင်းနဲ့..၀မ်းသာကြည်နူးနေတော့သည်။

ရန်နိုင်ရှင်းက..ငယ်ရဲ့လက်လေးကို ဆုပ်ကိုင်လိုက်ပြီး .အသာ ခပ်ဖွဖွပြုံးတုံ့လိုက်ရင်းနဲ့..

""ငယ့်ကိုယ်စား ကိုကို၀မ်းသာမိပါတယ်..""

""ဘာကို ၀မ်းသာနေတာလဲ..ငယ်က ဘာကို၀မ်းသာရမှာလဲ...ကိုယ်၀န်ဟုတ်လား...မဖြစ်နိုင်တာ...""

ငယ်က စိတ်ရှုပ်ထွေးစွာနဲ့ အလိုမကျဟန်နဲ့ ပြန်လည်တုံ့ပြန်လာသည်။

ငယ်တုံ့ပြန်လာတဲ့ အမူယာများကြောင့် ရန်နိုင်ရှင်းရော ဦးတိမ်တိုက်ပါ..အနည်းငယ် ကြောင်အန်းသွားကြလေသည်။

""ဒေါက်တာ.ကျွန်တော်ဆီမှာ ကိုယ်၀န်ရှိနေတာက..သေရော..သေချာလို့လား..""

""သေချာပါတယ်..လုံး၀မမှားပါဘူးဗျာ့...လူနာဆီမှာ အမှန်တကယ်ဘဲ..ကိုယ်၀န်ရှိနေတာပါ...""

ဟု ပြန်လည်၍ ဖြေကြားလာသည့် ဒေါက်တာစကားများကြောင့် ငယ့်မျက်နှာတစ်ခုလုံး သုန်မှုန်လို့သွားခဲ့လေသည်။

""ဘာဖြစ်လို့လဲ..ငယ်ရဲ့...ငယ်ဆီမှာ..ကိုယ်တို့နှစ်ယောက်ရဲ့ ရင်သွေးလေးရှိနေပြီတဲ့..ငယ်၀မ်းမသာဘူးလား..""

ဦးတိမ်တိုက်က ဆိုရင်း..ငယ်လက်လေးကို ဆုပ်ကိုင်လိုက်၏။

""ကျွန်တော်၀မ်းသာတာ ၀မ်းမသာတာက..ခင်ဗျားနဲ့မဆိုင်ပါဘူး..နောက်ပြီး..ဒီကိုယ်၀န်ကလဲ..ခင်ဗျားနဲ့ မဆိုင်ဘူး..""

""ငယ်..မင်းဘယ်လို ပြောလိုက်တာလဲ..ကိုယ့်ကို အခုထိ ခွင့်လွှ‌တ်မပေးသေးနိုင်ဘူးလား...အခုဆို..ကိစ္စတွေ အားလုံးလဲ..ရှင်းပြီးသွားပြီလေ..နောက်ပြီး..ကိုယ်ကတိပေးပါတယ်...ကိုယ် မရှုပ်တော့ မပွေတော့ပါဘူးကွာ...ကိုယ်တို့ရဲ့ ရင်သွေးလေးကို ငှဲ့ပြီး..ကိုယ့်ကို နောက်ထပ် အခွင့်ရေးလေးတစ်ခုလောက်တော့ ပေးပါကွာနော်..""

❤️Love and sex ❤️20+Where stories live. Discover now