ယုန်းဆန်း ရဲစခန်း
လေးလံလံခြေလှမ်းတို့နှင့်အတူ လှမ်းဝင်လာသည်နှင့် ပုခုံးဖက်ကာလာရောက်ကြိုဆိုသောစုံထောက် အွီဂျင်း
"စုံထောက်ချွဲ အလုပ်ပြန်ဆင်းပြီပေါ့"
မြင်သာနေတဲ့မေးခွန်းတစ်ခုကို နှုတ်ဆက်စကားအနေနဲ့ မေးသည့်အခါ ဆက်ခနဲသာ တစ်ချက်ခေါင်းညိမ့်ပြဖြစ်တယ်
ရဲစခန်းအတွင်းကတော့ အရင်လိုပဲ ဆူဆူညံညံ။
ခိုးဆိုးလုယက်ရာဇဝတ်သမားအသေးလေးတွေက မေးမြန်းစစ်ဆေးတာတွေကိုဘုဂန့်လန့်လုပ်မယ်
အချုပ်ခန်းထဲက ဆန်ကုန်မြေလေးအပေအတေတွေကလည်း ထမင်းကျွေးပါ တဆူဆူတောင်းမယ်ရင်းနှီးနေတဲ့လေထုကြောင့် သတိမထားမိလိုက်ပါပဲ ခပ်ပါးပါးပြုံးလိုက်ဖြစ်သေး၏
"စုံထောက်ချွဲ စခန်းမှူးကအခန်းထဲခဏလာပါဦးတဲ့"
လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့အပြောကြောင့် စခန်းမှူးရဲ့ အခန်းဆီဝင်သွားလိုက်တယ်
စခန်းမှူးကင်ကတော့ ခါတိုင်းလိုပဲ အိပ်မှုန်စုပ်ဖွား ဆံပင်ဘုတ်သိုက်အနည်းငယ်အနံ့ထွက်နေတဲ့ဒီအခန်းထဲမှာ စခန်းမှူးကင် ဘယ်နှညလောက်ဖြတ်သန်းပြီးခဲ့ပြီလဲမသိနိုင်
စခန်းမှူးက သူဝင်လာတာကိုတွေ့သည့်အခါ စာရွက်စာတန်းတို့လှန်လှော်နေခြင်းကို ခေတ္တရပ်တန့်လိုက်ပြီး မော့ကြည့်လာသည်
"မင်း ပြန်လာတာဝမ်းသာပါတယ်
မင်းမရှိတော့စခန်းမှာ အလုပ်တွေပိုပိလာတာ သိသာတယ်""ဟုတ်ကဲ့
ပျက်ကွက်မှုအတွက်တောင်းပန်ပါတယ်""အဲ့ဒါထက် စိတ်အခြေအနေကရောအဆင်ပြေပြီလား?"
"ဟုတ်"
"အင်း ကောင်းတယ်"
"ဒါနဲ့ ဟို ... စခန်းမှူး"
"အင် ပြောလေ"
စိတ်လှုပ်ရှားမှုတို့နဲ့အတူ သူ့လက်ချောင်းတွေကိုဆော့ကစားနေမိသေး၏
စခန်းမှူးက အလုပ်မှာတော်သလောက် စည်းကမ်းကြီးတာကို ကောင်းကောင်းသိတယ်လေ
YOU ARE READING
𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )
Fanfiction'ချစ်ခြင်း' ဆိုတဲ့ ချို့ယွင်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ကိုယ့်ဘဝက ကိုယ်ဖြစ်ချင်သမျှနဲ့ဘဲ ပြည့်စုံနေခဲ့မှာ ခံစားချက်တွေပေါက်ဖွားရာက ကိုယ့် အားနည်းချက်ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် "မင်း" ကို မပိုင်ဆိုင်ချင်ခဲ့လောက်ဘူး ညီ.... ...