Singularity (16)

739 121 13
                                    

Unicode ver

နှစ်ရက်ကြာသော်...

ဟျူးနင်း၏ ဆေးရုံပြောင်းရွှေ့မှုက အမှားအယွင်းမရှိ အဆင်ပြေသည်
အဆင်မပြေသည်မှာ တစ်ခုတည်းသော အရာ။
ပြောင်းရွှေ့သော ဆေးရုံက ချွဲယောန်ဂျွန်၏ ဆေးရုံဖြစ်နေခြင်းဖြစ်သည်

သို့သော် ယောန်ဂျွန်က နှလုံးအထူးကုဖြစ်သည်ဟု သိရတာကြောင့် ရေရှည်လူနာဆောင်ဘက်ကိုတော့ ရောက်လာနိုင်ချေ သိပ်မရှိ။

ထို့အပြင် ငါးရက်နီးပါး အဆက်အသွယ်မလုပ်သောသူက ဆေးရုံတစ်ရုံတည်းမှာ ရောက်နေသည်ကိုလည်း သိမည့်ပုံမပေါ်။

အထပ်သုံးဆယ်နီးပါးရှိသည့် ဆေးရုံမှာ တိုက်ဆိုင်မှုကြောင့် ထိပ်တိုက်တွေ့မည့် အဖြစ်မျိုးလည်း မရှိနိုင်။

မသိတော့ ။
တွေ့ချင်၍ စိတ်တို့ ရှုပ်ထွေးနေမိသည်လား။
မတွေ့ချင်၍ စိတ်တို့ ရှုပ်ထွေးနေမိသည်လား။

အတွေးပေါင်းမြောက်မြားစွာနဲ့ ပွင့်လာသော ဓာတ်လှေကားကို စီးကာ တစ်လွှာကို နှိပ်လိုက်သည်
ဒီနေ့တော့ ဟျူးနင်းအမေရှိသည်ကြောင့် အိမ်ပြန်နားနိုင်ပြီ

ဒယ်ဂူမှာ ကုန်ဆုံးခဲ့ရသော နှစ်ညတာလုံး ဆိုဖာကျဉ်းကျဉ်းမှာ သက်တောင့်သက်သာမရှိစွာ အိပ်စက်လာခဲ့ရသည်ကတစ်မျိုး ခရီးပန်းလာသည်ကတစ်မျိုး လူက နုံးချိလို့နေသည်

အားပျက်စွာ ဓာတ်လှေကား အနောက်နံရံကို စိတ်ပေါ့လက်ပေါ့ မှီချလိုက်ပြီး ဓာတ်လှေကား အဝင်ဝမှ တဖြည်းဖြည်းချင်း နိမ့်လာနေသော ဂဏန်းအရေအတွက်တို့ကို အကြောင်းမရှိ ကြည့်နေလိုက်သည်

#13F#

၁၃ လွှာထက်မှာ ပွင့်သွားခဲ့သော ဓာတ်လှေကား တံခါးသည် မမျှော်လင့်သော ရင်ခုန်ခြင်းအား ထိတ်ထိတ်ပြာပြာပေးအပ်ခဲ့သည်

ချွဲယောန်ဂျွန်...

အော်ဟစ်ကာ ပြေးဖက်လိုက်ချင်လောက်သည်အထိကို ရင်ဘတ်က လွမ်းဆွတ်နေခဲ့သည်ပဲ

ဝေ့ဝိုက်လာသော မျက်ရည်စတွေကြောင့် ကိုယ့်ကိုကိုယ်တောင် ကြောင်အနေမိသည်

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now