Final

1K 110 38
                                    

Unicode ver

တရွေ့ရွေ့လှုပ်ရှားနေသော ကားလေးသည် လူခြေတိတ်သောလမ်းဝယ် လှုပ်လီလှုပ်လဲ့ဖြင့်..

လမ်းတစ်လျှောက် ဘယ်ညာနံဘေးကာရံထားသည့် သစ်ပင်မြင့်ခပ်စိမ်းစိမ်းတို့ကို မျှော်ကြည့်သည့်အခါ မှန်ပြတင်းရှိ ကြက်ခြေခတ်သံတိုင်မျှင်မျှင်တို့က မြင်ကွင်းကိုခပ်ရှုပ်ရှုပ် ကာရံ​ထားသည်။

နောက်ဆုံးအကြိမ်မြင်ရတဲ့ကမ္ဘာကြီးက စည်းဘောင်တွေနဲ့မလွတ်ကင်းနေခဲ့ပါလား..

လွတ်လပ်မှုအား ပိတ်ပင်ထားသည့်ရှူခင်းတို့ကို ကြည့်လိုစိတ်မရှိတော့သည်ကြောင့် မျက်ဝန်းလွှာတစ်စုံကိုမှိတ်ချလိုက်သည်

တမြေ့မြေ့မြင်ယောင်ပါသောပုံရိပ်လေးတွေမှာပါးချိုင့်လှလှလေးတွေက စိတ်ကိုအေးချမ်းစေသလို..

တစ်နေ့နေ့ အပြစ်တွေခံယူရမယ်ဆိုတာပြင်ဆင်ထားပြီးသားပါ
ဘာကြောင့်များ ရင်ဘတ်ထဲအောင့်သက်သက်ခံစားနေရသလဲ
ပြင်ဆင်တာတွေ မလုံလောက်ခဲ့တာလား
နောင်တဆိုတာမျိုး များနေခဲ့တာလား

နာကျင်မှုကိုလှည့်စားပစ်ဖို့ရာ မရေရာမှုတွေကြား ပြုံးဖြစ်သေးပါသည်

နောက်ဆုံးတစ်ခါလောက်ပဲဖြစ်ဖြစ်
ကိုယ့်ပျော်ရွှင်မှုလေးကို ဖက်တွယ်ခွင့်ရခဲ့ရင်....

*ကျွီ*

ဆောင့်ရပ်လိုက်တဲ့ကားအရှိန်။

ခန္ဓာကိုယ်ဟာ အလိုမပါဘဲအရှေ့အရပ်သို့ယိုင်ခနဲ...

"ဘယ်ကောင်ကကားကို...အား"

မျက်စိတစ်မှိတ်အတွင်းပဲ မြန်ဆန်လွန်းစွာဖြစ်ပျက်နေတဲ့အဖြစ်အပျက်များအား မယုံမကြည်နိုင် ကြောင်ကြည့်နေရသူကယောန်ဂျွန်

*ဒုန်း*

ဝုန်းဒိုင်းဝုန်းဒိုင်းဖြင့် တိုက်ခိုက်နေကြသောအရိပ်များထဲ ကြည့်ကောင်းလောက်အောင်ထောင်မောင်းသည့်အရပ်ကလေးက အနက်ရောင်နှာခေါင်းစည်းလေးအား တပ်ဆင်ထားသည်

အရိပ်နက်လေးသည် ကားပေါ်ပါလာသောအစောင့်သုံးယောက်လောက်အား လွယ်လင့်တကူအနိုင်ယူလိုက်ပြီးနောက် နောက်ဆုံးခုံတန်းမှာမလှုပ်မယှက်ထိုင်နေသော အချုပ်သားလေးဆီတစ်လှမ်းဆီ လျှောက်လှမ်းလာသည်

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now