Singularity (12)

739 129 16
                                    

Unicode Ver

"ဒါနဲ့ ချွဲဆူဘင်းရှီက ကျွန်​တော့်ကို ဘာလို့​?"

ထယ်ဟွန်းနံ​​ဘေးရှိ ထိုင်ခုံအလွတ်မှာ ခပ်​ချော​ချောသူက ထိုင်လိုက်ပြီး စကားစသည်

"ကျွန်တော်က စုံထောက်ပါ"

သရေသား အညိုရောင်ပိုက်ဆံအိတ်မှ လိပ်စာကတ်တစ်ကတ်ကို ထုတ်ပြီးမိတ်ဆက်လိုက်တော့ ထိုသူကလည်း လိပ်စာကတ်တစ်ကတ်ကို ကမ်းပေးသည်

'စိတ်ရောဂါကု ချွဲဘောမ်ဂယူ'

ဖျော့တော့တော့ ပိုးသတ်ဆေးနံ့ကြောင့် မှန်းဆထားသည့်အတိုင်း ချွဲဘောမ်ဂယူသည် ဆရာဝန်တစ်ယောက်ဖြစ်နေခဲ့သည်

"ဆူဘင်းရှီကို စုံထောက်ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး"

"ကျွန်တော်လည်း ချွဲဘောမ်ဂယူရှီက ဆရာဝန်တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး"

"ဆံပင်ရှည်နဲ့ လေလွင့်ဂျလေဘီလို့ ထင်ထားတာလား?"

"အာ အဲ့လိုသဘောပြောတာမဟုတ်ဘူးလေ"

အကျပ်ရိုက်သွားပုံပေါ်သည့် ဆူဘင်းကြောင့် ဘောမ်ဂယူက တဟားဟားရယ်မောသည်

"နောက်တာပါ..
အခု ကျွန်တော့်ကို တွေ့ချင်တဲ့ ကိစ္စက?"

"​ထွေ​ထွေထူးထူး မဟုတ်ပါဘူး
နည်းနည်း​လေး ​မေးစရာရှိလို့ပါ"

"​အင်း မေး​ကြည့်လေ"

"​ပျောက်ဆုံးသွားတဲ့ ဟျူးနင်းခါအီကိုသိတယ်မလား?"

​ဘောမ်ဂယူက သက်ပြင်းသဲ့သဲ့ကိုချသည်

​"သိပ်သိတာ​ပေါ့ဗျ
ကျွန်​တော့်ညီ​လေးရဲ့ သူငယ်ချင်းပဲကို"

"ဟျူးနင်းခါအီ ​ပျောက်ဆုံးမှုနဲ့ပတ်သတ်ပြီး ကျွန်​တော်​မေးမြန်းတာကို အမှန်အတိုင်း​ဖြေ​ပေးနိုင်မလား ခင်ဗျ"

"​သေချာတာ​ပေါ့"

"ဒါဆို စက်တင်ဘာလ ၁၇ ရက်​နေ့ ည​နေ ၅ နာရီ ​မှာချွဲဘောမ်ဂယူရှီ ဘာလုပ်​နေပါသလဲ?"

"အင်......
စက်တင်ဘာ ၁၇ ဆို ​ဟိုသောကြာ​နေ့လား?​​ ဟွန်း"

နံ​ဘေးမှာ ထိုင်နေသည့် ထယ်​ဟွန်းကို ထိုသူက တစ်ချက်လှည့်​ကြည့်ရင်း မေး​သည်

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now