Singularity (1)

1.2K 161 26
                                    

Unicode ver

ဟျူးနင်း​ခါအီပျောက်ဆုံးနေခြင်းမှာ တစ်ပတ်​ကျော်ကျော်ရှိခဲ့ပြီ

ဟျူးနင်းသည်ဆူဘင်း၏ တစ်ဝမ်းကွဲညီ​လေး။

အထက်တန်း​တတိယနှစ်သာရှိသေးသည့် သာမန်ကျောင်းသားလေးတစ်ယောက်ဖြစ်၏

မိဘ​တွေရဲ့ကွာရှင်းမှု​ကြောင့် အ​မေနှင့်အတူ
အ​မေရိကားမှ ကိုးရီးယားဆီသို့လိုက်​ပြောင်းလာရသည်မှာသိပ်​တောင်မကြာ​လှသေး။

သိပ်လိမ္မာသောက​လေးတစ်ယောက်ဖြစ်သည်

ဟျူးနင်းအ​မေမှာတော့သူ့သားပျောက်ဆုံးသွားသည့်နေ့ကတည်းက ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ဖြင့် တစ်​​နေ့တစ်​နေ့ ပိန်ကျသွားလိုက်တာများ....

ဘယ်လိုလူယုတ်မာကများ ဘယ်လိုအကြံအစည်နဲ့ ဒီလို ဖြူစင်တဲ့က​လေး​ကို လုပ်ရက်ရသလဲ?
ရန်ငြိုးတွေ အမုန်းတရားတွေနဲ့ လားလားမှမသက်ဆိုင်တဲ့ကလေးတစ်ယောက်ကို ဘာကြောင့်ဖမ်းသွားရသလဲ?

ပဟေဋိတွေ ဖြေရှင်းရတာကိုကြိုက်တယ်
တရားခံကို အပြစ်ပေးရတာကို ကြိုက်တယ်
အဲ့ဒါကြောင့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တရားခံကို အမိဖမ်း​ပြမယ်
ချွဲဆူဘင်းရဲ့သမိုင်းမှာ မ​ဖြေရှင်းနိုင်တဲ့ ရာဇဝတ်မှုဆိုတာတစ်ခု​​လေး​တောင် မရှိစေရဘူး

...............................

၂ ရက်....
မအိပ်မ​နေနဲ့ ဆူဘင်းသတင်းအချက်အလက်​တွေကို စု​နေတာ ၂ ရက်တိတိ

​ကော်ဖီခါးခါးတို့ပြည့်နှက်​နေတဲ့ ခန္ဓါကိုယ်အားရှည်ကြာစွာအညောင်းအညာဆန့်နေစဥ်..

"ဘာထူးလဲ?"

နံ​ဘေးခုံမှစပ်စပ်စုစုမေးခွန်းထုတ်လာသူက လုပ်ဖော်ကိုင်ဖက် အွီဂျင်း။

"ဒီလိုပါပဲ"

"လျှိုပြန်ပြီ...
တစ်ခုခုသိသွားတယ်မလား
မင်းကဥာဏ်ကြီးရှင်ပဲ"

အမှန်တရားကိုခပ်ထေ့ထေ့ဆိုလိုက်သူက
ရှုပ်ပွ​နေတဲ့စာရွက်စာတန်း​တွေကိုတစ်စုတည်းသိမ်းဆည်းနေသည့်သူအား မော့ငေးနေပါ၏

"ဘယ်​​လောက်ပဲဥာဏ်ကြီးရှင်ဖြစ်ပါ​စေ
ပုစ္ဆာတစ်ပုဒ်ကိုဖော်မြူလာ မသိပဲတွက်လို့မရပါဘူး​"

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now