Singularity (13)

685 121 31
                                    

Unicode ver

ကားထဲသို့ရောက်သည့်အခါ ယောန်ဂျွန်က ကားအံဆွဲအတွင်း တစ်စုံတစ်ရာကို သည်းကြီးမည်းကြီး ရှာဖွေနေသည်

"တွေ့ပြီ"

ဆရာဝန်မို့ထင်ပါရဲ့ ကားအံဆွဲထဲမှာလည်း ဆေးအမျိုးအမည်များစွာ တွေ့ရသည်
ထိုအနက်မှ ပတ်တီးလိပ်ဖြူဖြူနှင့်အတူ ဆေးပူတစ်ဗူးကို ထုတ်လာသည့် ယောန်ဂျွန်က ဆူဘင်း၏ အညိုအမည်းစွဲချင်နေသောလက်ကောက်ဝတ်ကလေးအား အသာလေး ဆွဲလိုက်ကာ သူ့ပေါင်ထက်ကို တင်လိုက်သည်

"အနာပေးပြီး ဆေးပေးနေတာလား?"

နောက်ရွှတ်ရွှတ်စကားမှာ ချွဲယောန်ဂျွန်က ခပ်သဲ့သဲ့ ရယ်သည်

ထို့နောက် ညိုနေသော လက်ကောက်ဝတ်လေးအား လက်မတစ်ဖက်နဲ့ သိမ်မွေ့စွာ ပွတ်သပ်ပေးရင်း စကားတိုးတိုးကို ဆိုသည်

"တောင်းပန်ပါတယ်"

သိမ်ငယ်သယောင် မျက်ဝန်းများက ဝမ်းနည်းမှုကို ပြသနေသလား။

"ထားပါတော့
ဆေးသာသေချာလိမ်းပေး"

"ဒါတော့ နံပါတ်တစ်ဆရာဝန်က တာဝန်ယူတယ်"

ပါးချိုင့်ထင်းထင်း နစ်ဝင်သွားသည်အထိ ဆူဘင်းက သဘောတကျ ပြုံးသည်

ဆိတ်ငြိမ်သွားသည့် အခိုက်တန့်မှာ ဂရုတစိုက်ဆေးလိမ်းပေးနေသော ယောန်ဂျွန်အား မျက်တောင်မခတ်တမ်း ငေးနေဖြစ်သည်

"ဒီကို ဘယ်လိုရောက်လာတာလဲ?"

မေးခွန်းတစ်ခုမှာ အချိန်အတန်ကြာ နှုတ်ဆိတ်သွားပြီးမှ ယောန်ဂျွန်ဆီက ခပ်တိုးတိုးစကားတစ်ခွန်းထွက်လာသည်

"တိုက်ဆိုင်မှု??"

မရေရာသလို အဖြေစကားမှာ ဆူဘင်းက မျက်မှောင်ကြုံ့သည်

"ခင်ဗျားက လျှို့ဝှက်ချက်များလွန်းတဲ့သူပဲ"

ယောန်ဂျွန်သည် ခပ်တိုးတိုးရယ်မောလိုက်ပြီး ပတ်တီးစအားကတ်ကြေးနဲ့ သေချာကိုက်လိုက်သည်
ထို့နောက် သက်ပြင်းငွေ့ငွေ့ကို နှာဖျားဝမှ ဖြည်းညင်းစွာ မှုတ်ထုတ်သည်

"ကိုယ် လက်ထပ်ရတော့မှာ ဘယ်လိုသိနေတာလဲ?"

ဆူဘင်းက ခပ်ရေးရေးပြုံးလျက် စူးရှရှ အကြည့်တစ်စုံအား ရှောင်လွဲရန် မှန်ပြတင်းအပြင်ဘက်သို့ အကြည့်လွဲလိုက်သည်

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now