Singularity (19)

665 111 13
                                    

Unicode ver

တီတီတီ....

ဝင်သွားသောဖုန်းလိုင်းက ဖြေကြားခြင်းမရှိ...

ပူထူလာသောစိတ်ကြောင့် နဖူးထက်ဆို့တက်လာသော ချွေးစေးတို့ကိုလက်ဖမိုးနဲ့သုတ်ဖယ်လိုက်သည့်အခါ လောလောလတ်လတ်ဝယ်ထားသော ဆေးထုပ်လေးက မျက်နှာကိုလာရိုက်ခတ်သေး၏

*ယောန်ဂျွန် အိမ်မှာလူစိမ်းဝင်နေတယ်ထင်တယ်*

ဖုန်းစခရင်ထက်ကစာတစ်စောင်က တုန်လှုပ်မှုတွေကိုဖိတ်ခေါ်နေတယ်

မဟုတ်ပါစေနဲ့...

မျှော်လင့်လိုက်ပြီး တုန့်ပြန်ခြင်းမပြုခဲ့တဲ့ဖုန်းကို နောက်တစ်ကြိမ် ထပ်ခေါ်လိုက်တယ်

*လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါသဖြင့်..*

ကျစ်!

စောနလေးတင်ခေါ်လို့ရနေတဲ့ဖုန်းက စက်ပိတ်လိုက်တာကြောင့် သံသယကမှားနိုင်စရာမရှိတော့

ခြေလှမ်းတွေကိုအရှိန်တင်ကာ အမြန်ဆုံးတိုက်ခန်းဆီသို့ပြန်ပြေးရပြီ

ဘာမှမဖြစ်ပါစေနဲ့ ညီ..

........................................

ကမူးကရူးတိုက်ခန်းထဲဝင်လိုက်ပြီး ဆူဘင်းရှိရာအိပ်ခန်းလေးဆီရောက်သွားခဲ့သည်နှင့် မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ကိုနင့်ခနဲ..

မျက်ဝန်းငယ်လေးတွေက ချိနဲ့စွာ မျှော်ကိုးနေလိုက်တာ...
အမြန်ပြေးကာပွေ့ပိုက်ထားလိုက်ချင်ပေမယ့် ခြေလှမ်းတွေကနှေးနေခဲ့တယ်

အရင်းအမြစ်ကား ဆူဘင်းရှေ့မှာ ဒူးတစ်ဖက်ထောက်ကာထိုင်နေတဲ့ တရားခံဖြစ်သူကြောင့် ဖြစ်လိမ့်မယ်

မြတ်နိုးရာမျက်ဝန်းလွှာနှစ်ဖက်ပိတ်ကျသွားတာကို မြင်လိုက်ရတဲ့အခါမှာတော့ ဆိုးဝါးစွာအသည်းခိုက်နာကျင်ခြင်းဝယ် မျက်ရည်တစ်စက်က ပါးပြင်ထက်ခုန်ဆင်းခဲ့၏

မျက်ရည်?

တအံ့တသြနဲ့ ဘယ်ဘက်ပါးထက်ကိုသုတ်ဖယ်လိုက်တဲ့လက်ချောင်းစိုစွတ်စွတ်ကို ပြန်ကြည့်နေမိသည်

ပထမဆုံးအကြိမ်ပဲ
ကျွန်တော်လည်းငိုကြွေးတတ်တယ်ဆိုတာ သိလိုက်ရတာ

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Opowieści tętniące życiem. Odkryj je teraz