Singularity (14)

762 123 28
                                    

Unicode Ver

ပျော်ရွှင်ခဲ့သော နေ့ရက်များက ဝမ်းနည်းစရာ အမှတ်တရများအဖြစ် ကျန်ရစ်ရခြင်း။

ပွေ့ပိုက်ရသော နောင်တများက အဆုံးမသတ်သော သောကမြောက်မြားစွာကို ယူဆောင်လာခြင်း။

မှောင်မိုက်တဲ့ အနာဂတ်ကို ကိုယ်စားပြုသယောင် အနက်ရောင်ဝတ်စုံများက ရင်ဆို့ဖွယ်ကောင်းနေသလို၊ အမွေးတိုင် နံ့သာအချို့နဲ့ ဆိုဂျူအနံ့ပြင်းပြင်းတို့က ထွက်ခွာသူအား နှုတ်ဆက်နေသလို။

အနည်းစုသော လူများအား ချိနဲ့စွာ ဝတ်ကျေတန်းကျေ ဂါဝရပြုနေရှာသော သူမသည် ကြေကွဲခြင်းအား ကိုယ်စားပြုသော အနက်ရောင် ရိုးရာဝတ်စုံအား ဝတ်ဆင်ထား၏

မျက်ကွင်းဟောက်ပက်၊ အသက်မဲ့သော မျက်နှာထားနှင့် အဝင်ဝတွင် ရပ်နေသော သူမက ဆူဘင်းကိုတွေ့သည်နှင့် လက်မောင်းတစ်ဖက်ကို မှီတွယ်ကာ ချုံးပွဲချငိုကြွေးတော့သည်

"ညီမလေးကို သတ်..သွားတဲ့... တရားခံကို ရအောင်ရှာပေးပါ...နော်"

ရှိုက်သံတို့ ရောယှက်နေသော ငိုကြွေးသံဟာ အသုဘခန်းတစ်ခွင် ဟိန်းလို့နေသည်

ချော့မြူရခြင်း အလုပ်ကို မကျွမ်းကျင်သည့် ဆူဘင်းမှာတော့ နေရခက်စွာ လက်မောင်းကို ကုပ်တွယ်ထားသော လက်သေးသေးတစ်ဖက်ကို ခပ်ဖွဖွ ပုတ်လျက် မသိမသာလေး ဖယ်ရှားနေမိသည်

"သေချာပေါက် ဖမ်းပေးပါ့မယ်"

"ဆဲမီရှီ"

ဝတ်ပြုရာ အခန်းထဲမှ ထွက်လာသော အွီဂျင်းက သူမရဲ့ ကျောကုန်းကို သိမ်သိမ်မွေ့မွေ့ပွတ်သပ်ပေးပြီး သူမ ပုခုံးနှစ်ဖက်ကို အသာအယာကိုင်ကာဆွဲခေါ်လျက် ဆူဘင်းရဲ့ နေရခက်မှုကို ပြေပျောက်စေသည်

"ဝင်ခဲ့လေ"

"အော်.. အင်း"

အလုပ်ကိစ္စကြောင့်ဆိုလား သုံးရက်တိုင်တိုင် စခန်းဆီပေါ်မလာခဲ့သော အွီဂျင်းကို အချေအတင်ဖြစ်ပြီးကတည်းက ယခုအခါမှ ပထမဆုံး ပြန်တွေ့ရတာကြောင့် လေထုက အနည်းငယ် အင်တင်တင်ဖြစ်နေလျက်ရှိသည်

အွီဂျင်း ဦးဆောင်ရာ အခန်းလေးထဲရောက်တော့ ပြင်းလှသည့် အမွေးတိုင်နံ့က ဦးဦးဖျားဖျားကြိုဆိုသည်

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now