Singularity (3)

870 134 14
                                    

Unicode ver

"အဲ့ဒီ​ကောင်က ဘယ်သူလဲ?"

စားသောက်ဆိုင်အတွင်းမှ သူ ထွက်သွားပြီး​နောက် အွီဂျင်းက ဘုဆတ်ဆတ်​မေးခွန်းထုတ်လာသည်

"ဟမ် ဪ ချွဲ​ယောန်ဂျွန်တဲ့"

"ဟို ဟိုး​လေးတ​ကျော်​ကျော် ဒေါက်တာချွဲ​ယောန်ဂျွန်ဆိုတာလား?"

"မင်းက သူ့ကိုသိတယ်လား?"

"သိတာ​ပေါ့ ညီမ ရှိတဲ့လူတိုင်းသိတယ်
အဲ့​ကောင်က အိုင်​ဒေါနီးနီး​ကျော်ကြားတယ်​လေ"

"ဪ အဲ့လိုကို"

"မင်းနဲ့က အသိ​တွေလား?"

"အသိရယ်​​တော့ မဟုတ်ပါဘူး"

"ဒါဆို ဘာလို့ပုခုံးပါဖက်ရတာလဲ?"

"အရင်ကလည်းပြောဖူး​ပေမယ့် ထပ်​ပြောရဦးမယ် မင်းက ​တော်​တော် ​မေးခွန်းများတဲ့​ကောင်ပဲ"

အွီဂျင်းကခဏတာ တိတ်ဆိတ်သွားသည်
ထို့နောက် ခပ်​ရေး​ရေးတစ်ချက် ပြုံးလိုက်ရင်း

"ထားပါ​တော့..
စားပြီးရင်လည်း မြန်မြန်သွားရ​အောင်
စခန်းမှူးက​ခေါ်ထားတယ်"

"ဟုတ်လား ​အေ​အေ"

....................................

စခန်းဆီ​ရောက်​သည်နှင့် စခန်းမှူးက အ​လောတကြီးခေါ်ပါသည်ဆိုလို့ ပြေးရ​ပြီ

"စခန်းမှူး ဘာကိစ္စများရှိလို့လဲ ခင်ဗျ?"

"စုံ​ထောက်ကင်​မ်ဂျောင်ဟွန်းရဲ့ သတင်းကို​ပြောချင်လို့"

"စုံ​ထောက်ကင်မ်က ဘာဖြစ်လို့လဲ?"

စခန်းမှူးရဲ့ လေးလေးလံလံစကားတစ်ခွန်းကို အွီဂျင်းသည် လျှာခလုတ်တိုက်မတတ် ​မေးခွန်းပြန်ထုတ်နေပြီ

"​စုံ​ထောက်ကင်မ်ရဲ့.."

ပြောလက်စ စကားကခေတ္တရပ်ဆိုင်းသွားသည်
စခန်းမှူးသည် ​လေပြင်းပြင်းတစ်ချက်ကို အဆုတ်တွင်းထိ တစ်ဆုံးရှိုက်သွင်းလိုက်ပြီးနောက်

"အ​လောင်းကို ဒီ​နေ့မနက်ပဲရှာ​တွေ့တယ်"

"ခင်ဗျာ?"

အွီဂျင်းဆီက တုန်ရီရီထွက်လာတဲ့အာမေဋိတ်။

စုံ​ထောက်ကင်​မ်ဂျောင်ဟွန်း။ ​
ဌာနမတူ​ပေမယ့် စခန်းမှူးနဲ့ရင်းနှီး​နေသည့်သူသည် ဒီဘက်စခန်းကို ခဏခဏလာတတ်သည်ကြောင့် အစိမ်းသက်သက်လူတော့မဟုတ်..

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now