Singularity (9)

806 130 15
                                    


Unicode ver

ခန္ဓာကိုယ်သည် လေပေါ်သို့မြောက်တက်သည်ကို ခံစားနေရ၏

တစ်စုံတစ်ဦး၏ ပွေ့ချီထားခြင်း?

နှိမ့်ချည်မြင့်ချည်ဖြစ်နေသာ ရင်အုံတောင့်တင်းတင်းတစ်စုံနှင့်အတူ ဝင်သက်ထွက်သက် တစ်စုံသည် နှာထိပ်ဖျားသို့ ရိုက်ခတ်နေလျက်ရှိသည်
ထို့အတူ အနည်းငယ် ယဥ်နေပြီဖြစ်သော လာဗန်ဒါရေမွှေးနံ့သင်းသင်းနှင့် ရောယှက်နေပါသော ပိုးသတ်ဆေးနံ့ ခပ်ဖျော့ဖျော့။

ချွဲယောန်ဂျွန်?

ပြန်ကပ်လာသည့် အသိစိတ်တို့အား အလျင်အမြန် စုစည်းလိုက်ပြီး အိပ်မှုန်စုပ်ဖွား မျက်လုံးတို့ကို ဖွင့်ကြည့်သောအခါ ငေးကြည့်ရမြဲ မေးရိုးချွန်ချွန်အား ဦးစွာတွေ့ရသည်

"ချွဲယောန်ဂျွန်...
ကျွန်တော့်ကို အောက်ချပေး"

မျက်နှာချောချောသည် အပေါ်စီးမှ အုပ်မိုးကြည့်နေသည်မှာ ပရမ်းပတာခုန်နေသော နှလုံးအိမ်အတွက် အန္တရာယ်များသည်

"အိပ်နေတုန်းက ဒီလောက်ချစ်ဖို့ကောင်းတာကို.. နိုးတာနဲ့ စိတ်ချည်းပဲ"

မျက်နှာကြတ်ဖြူလွှလွှနှင့် ခေတ်ဆန်ဆန် အိမ်အပြင်အဆင်သည် အထက်တန်းလွှာဆန်နေပေမယ့် တစ်ဘက်တွင် လူငယ်ဆန်နေသည်

မတန်တဆ စျေးကြီးပုံရသည့် မီးပန်းဆိုင်းမှ လင်းလှသည့် မီးအလင်းရောင်သည် မှုန်ဝါးနေသော မြင်ကွင်းများအတွင်း အတင်းတိုးဝင်နေ လျက်ရှိပြီး လေသန့်စက်မှ လာသော ခပ်သင်းသင်း အိမ်အနံ့အသက်သည် ကိုယ့်အိမ်မဟုတ်ကြောင်းကို ထင်ထင်ရှားရှားပြသနေသည်

အထိတ်တလန့် လက်မောင်းသန်သန်နှစ်ဖက်ပေါ်မှ အတင်းရုန်းကန်တော့ ပွေ့ချီထားသူသည် စိတ်ပျက်လက်ပျက် ခေါင်းကိုသာသာခါရမ်းလိုက်ပြီး ကိုယ်ခန္ဓာကိုယ် အသာအယာ ချပေးသည်

"ညီက တအားခေါင်းမာတာပဲ"

"ခင်ဗျား ကျွန်တော့်ကို ဘယ်ခေါ်လာတာလဲ?"

"တွေ့တဲ့အတိုင်း ကိုယ့်အိမ်လေ"

"ဘာ ဘာလို့ ဒီကိုခေါ်လာတာလဲ?"

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now