Singularity (21.2)

620 103 18
                                    

Unicode Ver

နိုးထလာရသောအိပ်မက်ကမ္ဘာမှာနေ့စဥ်ဘဝဖြစ်တဲ့လုပ်ငန်းခွင်ထဲဆူဘင်းတစ်ယောက်ခြေဆန့်ရပြန်ပြီ

ပျက်ကွက်တဲ့ရက်ပိုင်းအတွင်းပုံကျလာသောအလုပ်များအားဘေးခေါက်ထား၍လည်းမရ
တစ်ဖက်မှာလည်းသည်းကြီးမည်းကြီးလိုက်နေမိသည်ကဂန်ထယ်ဟွန်း၏သတင်းအချက်အလက်မှန်သမျှ...

တရားစီရင်မှုနိယာမသည်လည်းခက်ခဲပါ၏
ကျူးလွန်သည့်တရားခံအားသိနေနှင့်သော်လည်းသက်သေတစ်စုံမရှိ၍ဖမ်းဝရမ်းသာမက စစ်ဆေးရေးဝရမ်းတောင်ထုတ်ခွင့်မရှိ

ပုံပျက်နေပြီဖြစ်သောဆံပင်ပွပွတို့ထဲလက်ချောင်းကြားကဖောင်တိန်ကိုထည့်ကာ စဥ်းစားခန်းဝင်နေတုန်း

*တင်*

လက်လာတဲ့ဖုန်းဖန်သားပြင်မှာ နစ်ဝင်သွားတဲ့ပါးချိုင့်တွေ..
ခပ်မြန်မြန်ဖုန်းကိုကောက်ကိုင်လိုက်ပြီး ပို့လာတဲ့စာတစ်စောင်အားဝင်ဖတ်လိုက်သည်

*အပြင်ထွက်ခဲ့
နေ့လည်စာစားချိန်ရောက်နေပြီ*

ခပ်ရေးရေးပြုံးလိုက်ပြီး ကွန်ပျူတာဖန်သားပြင်ကိုအသုံးပြုကာထိုးထောင်ထောင်ဆံပင်တို့ကိုသပ်သပ်ရပ်ရပ်ဖြစ်စေလိုက်သည်

တစ်ခုခုလိုအပ်နေသေးသလိုခံစားရတာကြောင့် နံဘေးခုံမှာကွန်ပျူတာထဲနစ်ဝင်တော့မယ့်အွီဂျင်းစားပွဲခုံအားလက်ဆစ်နဲ့တစ်ချက်ခေါက်လိုက်ပါ၏

"အွီဂျင်း"

"အင် ဘာလဲ"

"ရေမွှေးပါလား?"

ကြောင်စီစီဖြစ်သွားတဲ့အွီဂျင်းကကွန်ပျူတာမှာကပ်နေတဲ့အကြည့်တွေကိုထိုအခါမှခွာပါ၏

"ဘာလုပ်ဖို့လဲ?"

"ဖျော်သောက်မလို့"

အွီဂျင်းကနောက်ပြောင်မှုအားခပ်ဟဟရယ်မောလိုက်ပြီး စက္ကူအိတ်ထုတ်ထဲကပုလင်းတစ်ပုလင်းအားနှိုက်ယူလာသည်

"လာဗန်ဒါအနံ့ပဲရှိတာလား?"

နှာခေါင်းကိုရှုံ့လျက်မေးမိသည်
လာဗန်ဒါအနံ့အားမကြိုက်၍မဟုတ်သော်ငြား မြင်ဖူးခဲ့သောပန်းခတ်ပုံရုပ်များအားဆက်စပ်မတွေးတောမိချင်၍ဖြစ်သည်

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now