Singularity (28.1)

437 86 8
                                    


Unicode ver

ဒယ်ဂူမြို့။

သဘာဝအလှတရားအဖြစ် နာမည်ကြီးသောဒယ်ဂူမြို့ဟာ မျက်လုံးချလိုက်တဲ့နေရာတိုင်း စိမ်းစိိုစိုဒေသခံအလှတရားတို့နဲ့ တက်ကြွကြွ..

ခေတ်မှီမှီမြို့သေးလေးထဲ ဘောမ်ဂယူဦးဆောင်ရာဘတ်စ်ကားနံပါတ်လေးဆီ တက်လိုက်ကြသည်။

တငြိမ့်ငြိမ့်ရွေ့လျားနေသောဘတ်စ်ကားလေးသည် မှတ်တိုင်တစ်နေရာရောက်လျှင်တုန့်ခနဲရပ်တန့်သွားတတ်ပြီး မြောက်များစွာသောရပ်တန့်ခြင်းနောက်တွင်တော့ မြို့အစွန်လေးကဂိတ်ဆုံးမှတ်တိုင်ဆီသို့ဆိုက်ခဲ့လေပြီ

"အဘိုး!"

မှတ်တိုင်သေးသေးဝယ် လက်လှမ်းပြနေသည့် ဖော်ဖော်ရွေရွေအဘိုးအိုအားတွေ့သည်နှင့် လက်ထဲကအထုပ်အပိုးတွေပါ လမ်းပေါ်ပစ်ချခဲ့သည့်ဘောမ်ဂယူ။

"ရား! ချွဲဘောမ်ဂယူ"

ခပ်စွာစွာအော်သံသေးသေးမှာ ဘောမ်ဂယူကတော့ဂရုမစိုက်စွာ အဘိုးအိုအားပြေးဖက်နေနှင့်ပြီ

မီဂျူသည် မကျေနပ်သလိုဆူပူနေပေမယ့်တစ်ဖက်မှာလည်း ဘောမ်ဂယူပစ်ချခဲ့သောအထုပ်အပိုးတွေကို သယ်ပေးဖို့ပြင်နေရသည်

"ပေး ငါသယ်လိုက်မယ်"

သူမလက်ထဲကသယ်လက်စ အထုပ်အပိုးတွေအားဖြတ်ယူလိုက်သည့်သူကအခြားသူမဟုတ် ယောန်ဂျွန်ပင်။

မီဂျူသည် အားတက်တကြီးပြုံးလိုက်ပြီး နံဘေးကရီယောင်းရဲ့လက်မောင်းသွယ်သွယ်တစ်ဖက််ကိုလည်းချိတ်တွယ်လိုက်သည်

"ကျေးဇူးပဲ ယောန်ဂျွန်
ယောကျာ်းလေးဆိုတော့ အရမ်းအားကိုးရတာပဲဟာ တစ်ယောက်ယောက်နဲ့တော့ တခြားစီပဲ!"

မကြားကြားအောင် တမင်အသံကိုမြင့်ပြောသည့်အခါ ခပ်လှမ်းလှမ်းကမကျေမချမ်းစောင်းကြည့်လာတဲ့ မျက်ဝန်းတွေကပေစောင်းစောင်း

"သယ်ပါမယ် သယ်ပါမယ်
တကယ်ပဲ ပူညံပူညံနဲ့"

ခြေလှမ်းသုတ်သုတ်လေးတွေ ပြန်လှမ်းလာဖို့ကြံနေတုန်း

"နေပါစေတော့ ငါသယ်လာခဲ့မယ်"

ဖြတ်စီးလာတဲ့ သြရှရှအသံကြောင့် ဘောမ်ဂယူကလှမ်းရန်ပြင်နေတဲ့ခြေလှမ်းတွေကိုတုန့်ခနဲရပ်ဆဲပစ်လိုက်ပြီးပြုံးပြပါ၏

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now