Singularity (15)

668 118 7
                                    

Unicode ver

ဓာတ်ပုံနောက်ကျောဘက်တွင် ရေးသားထားသည့်လိပ်စာအတိုင်း ဆူဘင်းတို့နှစ်ယောက် ဒယ်ဂူမြို့သို့ ဆိုက်ရောက်လာခဲ့သည်

ဒယ်ဂူမြို့၏ ဆောင်းဦးသည် ဆိုးလ်မြို့ပြထက် အအေးပိုသော်ငြား ပြင်းပြလှသည့် နေမင်းအပူရှိန်ကြောင့် နေသာထိုင်သာရှိလှသည်

Victory ဆေးရုံ။
ဒယ်ဂူမြို့၏ ထောင့်ကျသော နေရာတွင်ရှိသည့်အလျောက် တိတ်ဆိတ်သော ပတ်ဝန်းကျင်က ငြိမ်းချမ်းမှုကို ပေးသည်

ဝန်းရံထားသော သစ်တောများကလည်း မုတ်သုံလေတစ်ချက်အဝေ့ တညီတညာယိမ်းနွဲ့နေလျက်ရှိသည်

လေးထပ်မျှသာရှိသော ဆေးရုံအသေးလေးသည်တော့ ကျယ်ပြောလှသော သစ်တောကြီးအား ခံတပ်သဖွယ် အကာအကွယ်ယူထားပုံရသည်

ဆေးရုံဝန်းလေးအတွင်း ခြေချလိုက်သည့်အခါ ဝန်းအတွင်း ကြွေကျလျက်ရှိသော သစ်ရွက်ခြောက်များအား လှဲကျင်းနေသော အသက်ခပ်ကြီးကြီး အဘိုးအိုက စူးစူးစမ်းစမ်းကြည့်သည်

နံဘေးမှ အွီဂျင်းက ရိုသေတမှုနဲ့ ခေါင်းညိမ့်ကာနှုတ်ဆက်တော့ အဘိုးအိုကလည်း ဖော်ရွေစွာ ပြုံးပြသည်

"အဘိုး ဒါ Victory ဆေးရုံဆိုတာလားဗျ?"

အနည်းငယ် မှေးမှိန်နေသော ဆိုင်းဘုတ်ကြောင့် အွီဂျင်းက စူးစူးစမ်းစမ်းမေးသည်

"ဟုတ်တယ်ကွယ့်
မောင်ရင်တို့က ဆိုးလ်ကလာကြတာလား?"

"ဟုတ်တယ် အဘိုး"

"လာလာ အဘိုးနဲ့လိုက်ခဲ့လေ
ကောင်တာကိုလမ်းညွှန်ပေးမယ်"

"ဟာ မလိုပါဘူး အဘိုးရဲ့
အဘိုး အလုပ်ရှုပ်မှာပေါ့"

"ရပါတယ်ကွယ်
လာကြ လာကြ မောင်ရင်တို့ အပြင်မှာအေးတယ်"

"ကျေးဇူးပါပဲဗျာ"

ထို့နောက် အဘိုးအို၏ လမ်းညွှန်မှုဖြင့် ဆေးရုံအတွင်းသို့ ဆူဘင်းတို့ ရောက်လာခဲ့သည်
အနည်းငယ် အိုဟောင်းနေသော ဆေးရုံသည် အထပ်နိမ့်သော်ငြား ကျယ်ဝန်းလှသည်

"အဘိုးက ဒီမှာအလုပ်လုပ်တာလား"

"ဟုတ်တယ် မောင်ရင်ရဲ့
အဘိုးက ဒီမှာအလုပ်လုပ်လာတာ နှစ်နှစ်ဆယ်ကျော်ရောပေါ့"

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now