Unicode Ver
"စီနီယာချွဲ အဆင်ပြေရဲ့လား?"
စခန်းရောက်ကတည်းက ငူငူငိုင်ငိုင်ဖြစ်နေသော ဆူဘင်းအား မျက်နှာချင်းဆိုင်ခုံမှ ကင်မ်ဟေဂျင်းဟူသော ဂျူနီယာမလေးက မေးခွန်းထုတ်လာသည်
"ဟမ်..အော်..အဆင်ပြေပါတယ်"
"အဖျားရော သက်သာရဲ့လား?"
"မနေ့က တစ်ရက်လုံးနားလိုက်တာ အဆင်ပြေသွားပါပြီ"
"တော်သေးတာပေါ့
စီနီယာက တော်ရုံခွင့်ရက်မယူတတ်တဲ့သူဆိုတော့ စိတ်ပူနေတာ"ဆူဘင်းက ခပ်ရေးရေးပြုံးပြရင်းသာ တုန့်ပြန်မှုပေးသည်
"ဒါနဲ့ စီနီယာ တစ်ခုလောက်မေးချင်လို့"
"မေးလေ"
"ဟို... မနက်က.. စီနီယာကို စခန်းလိုက်ပို့တဲ့လူက ဒေါက်တာ ချွဲယောန်ဂျွန်မဟုတ်လားဟင်?"
လက်ပ်တော့ကီးဘုတ်ထက် တုန့်ခနဲ ရပ်ဆိုင်းသွားသော လက်ချောင်းများနှင့် ဆန့်ကျင်စွာ ဆူဘင်းက အင်းခနဲ လည်ချောင်းသံကို ခပ်တည်တည်ပေးသည်
"စီနီယာနဲ့ သူကရင်းနှီးကြတာလား?"
"မင်းက ဘာလုပ်မလို့လဲ?"
စူးရဲရဲ အကြည့်တစ်စုံကျရောက်လာသည်ကြောင့် ဟေဂျင်းမှာ ထိတ်ထိတ်လန့်လန့်နဲ့ ကိုယ့်လက်ကိုပင် ဆုပ်ချေနေမိသည်
"ဟို... ညီမ.. က သူ့ပရိသတ်မို့ပါ.. ဖြစ်နိုင်ရင် Sign လေးဖြစ်ဖြစ်..."
"ငါ သူနဲ့ မရင်းနှီးဘူး"
ဖြတ်ပြောလာသည့် စကားနှင့်အတူ မာထန်သည့် မျက်နှာထားကြောင့် ဂျူနီယာမလေးခမျာ ထိတ်ထိတ်လန့်လန့် ဖြစ်ရသည်
ဆူဘင်းမှာတော့ ခါးသက်သည့် စိတ်တစ်စုံကြောင့် လက်ပ်တော့ကီးဘုတ်ကိုသာ အားပြင်းပြင်းနဲ့ ဖိနှိပ်နေလိုက်သည်
ကျစ်!
မွန်းကျပ်လာသော အတွေးများကြား ဆူဘင်း နေရာမှ ထထွက်လာလိုက်တော့သည်
....................................
လူရှင်းသည့်နေရာကို ရှာဖွေရင်း နောက်ဆုံးရောက်ရှိလာသည့် နေရာသည် စုံစမ်းစစ်ဆေးခန်းတစ်ခန်းပင်ဖြစ်သည်
![](https://img.wattpad.com/cover/278689535-288-k557031.jpg)
YOU ARE READING
𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )
Fanfiction'ချစ်ခြင်း' ဆိုတဲ့ ချို့ယွင်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ကိုယ့်ဘဝက ကိုယ်ဖြစ်ချင်သမျှနဲ့ဘဲ ပြည့်စုံနေခဲ့မှာ ခံစားချက်တွေပေါက်ဖွားရာက ကိုယ့် အားနည်းချက်ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် "မင်း" ကို မပိုင်ဆိုင်ချင်ခဲ့လောက်ဘူး ညီ.... ...