Unicode ver
ရွေးချယ်မှုတွေက ခက်ခဲတယ်
အထူးသဖြင့် ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို ရွေးချယ်ရတဲ့အခါပေါ့...............................................
"ဆူဘင်း!!"
ဝုန်းခနဲပွင့်သွားသည့်တွန်းတံခါးနဲ့အတူ မြန်ဆန်စွာလှမ်းလာသည့်ခြေလှမ်းကျယ်တို့က ဆေးရုံကုတင်ထက်ဘေးတစောင်းထိုင်နေပါသောသူဆီ..
"သေနတ်ထိသွားတယ်ဆို မင်းအဆင်ပြေရဲ့လား?"
စိုးရိမ်တကြီးမေးခွန်းထုတ်လာသူအား ကျောက်ပတ်တီးစီးထားရသောခြေတစ်ဖက်အား အနည်းငယ်မြောက်ပြလိုက်ပါ၏
"အဆင်ပြေတယ်
နည်းနည်းလျှပ်ထိသွားရုံ..."မပြီးပြတ်သေးသည့်စကားအလယ် ခါးကုန်းလျက်အတင်းပွေ့ဖက်လာသူကြောင့် တုန့်ပြန်မှုတို့နှေးကွေးရသည်
"အွီ..ဂျင်း?"
"မင်းအခုတလောဘာဖြစ်နေတာလဲ
ဓားထိုးခံရလိုက် သေနတ်ပစ်ခံရလိုက်နဲ့..
ကျေးဇူးပြုပြီးကိုယ့်ကိုကိုယ်ဂရုစိုက်ပေးစမ်းပါ ဆူဘင်း""ငါ..အဆင်ပြေပါတယ်"
"တောင်းဆိုတာပါ
ကာကွယ်ခွင့်မပေးရင်တောင် စိတ်ပူရအောင်မလုပ်ပါနဲ့လား?"ပုခုံးနှစ်ဖက်မှတင်းကျပ်လာသည့်ပွေ့ဖက်မှုအား ဆူဘင်းသည်တော့ ငြိမ်သက်စွာ လက်သင့်ခံပေးနေသည်
"အင်း ငါသိပြီ"
ပြတ်သားသည့်စကားတစ်ခွန်းအဆုံး တုန့်ပြန်မှုမရှိတဲ့ခန္ဓာကိုယ်လေးအား မလွတ်ချင်လွတ်ချင်အလွတ်ပေးမိပါ၏
မြတ်နိုးတဲ့ပန်းကလေးက ကိုယ်မပိုင်တာကြောင့်ငေးခွင့်အပြင်မရှိတာကိုမေ့သွားလိုက်တာ
"ဒဏ်ရာရော အခြေအနေဘယ်လိုလဲ"
"အဆင်ပြေတယ်
ပတ်တီးနည်းနည်းစည်းထားရင်ရပြီ""ဘယ်လိုဖြစ်ရတာလဲ
တရားခံရော လွတ်သွားတာလား?""အင်း လွတ်သွားတယ်"
ပြီးစလွယ်တပ်ဆင်လိုက်သောအပြုံးက ဟန်ဆောင်ခြင်းအပြည့်...
![](https://img.wattpad.com/cover/278689535-288-k557031.jpg)
YOU ARE READING
𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )
Fanfiction'ချစ်ခြင်း' ဆိုတဲ့ ချို့ယွင်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ကိုယ့်ဘဝက ကိုယ်ဖြစ်ချင်သမျှနဲ့ဘဲ ပြည့်စုံနေခဲ့မှာ ခံစားချက်တွေပေါက်ဖွားရာက ကိုယ့် အားနည်းချက်ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် "မင်း" ကို မပိုင်ဆိုင်ချင်ခဲ့လောက်ဘူး ညီ.... ...