Singularity (4)

847 140 15
                                    

Unicode ver

အိမ်လမ်းထိပ်လေးသို့ ​ရောက်သည့်အခါတိုင်း အစာအိမ်သည် နှိုးစက်​ပေးထားသည့်အတိုင်း အချိန်ကိုက် မြည်လေ့ရှိသည်

မနက်ကတည်းက နွားနို့တစ်ဘူး ပေါင်မုန့်တစ်လုံးပဲ စားထားရသည့် ဝမ်းဗိုက်သည် ကွန်ဗီနီဆိုင်ရှေ့သို့ ရောက်သည်နှင့် မကျေမချမ်း အော်ဟစ်ဆန္ဒပြနေပြီ

လေးလံနေသော ​ခြေ​ထောက်​တို့သည် ကိုက်ခဲချင်နေသော်ငြား မြည်ဟည်းနေသော အစာအိမ်ကို အနိုင်မယူနိုင်သဖြင့် ကွန်ဗီနီအတွင်း ဝင်လိုက်ရသည်
စား​နေကျတံဆိပ်နဲ့ ခေါက်ဆွဲဘူးတစ်ဘူးရယ် သုံး​ထောင့်ထမင်းလိပ်တစ်ခုရယ်ကို ကောင်တာမှာ ​ငွေရှင်းလိုက်ပြီး ထိုင်နေကျနေရာလေးမှာပဲ အေးအေးလူလူ ထိုင်ဖြစ်သည်

ရှုပ်ထွေးရသည့် အတွေးအစုံကြားထဲ အဓိကနေရာယူနေသည်က ချွဲယောန်ဂျွန်

"ညီ"

​သြရှရှ လေတိုးသံ နားထဲသို့ တိုးဝင်လာသည်နှင့်အတူ အထိတ်တလန့် ခုန်ရရှာသော ရင်ခုန်သံ

"ခင်ဗျား?"

ထိုသူ့လက်တစ်ဖက်တွင် ကိုင်ထားသော ရေငွေ့ပျံနေသည့် ဘီယာဘူးသည် ရေခဲသေတ္တာမှ ထုတ်လာသည်မှာ မကြာသေးပုံရသည်

အနက်ရောင် အင်္ကျီလက်တိုအား ဂျင်းပြဲအနက်ထဲ စတိုင်ကျကျ ထည့်ဝတ်ထားသည့် ထိုသူသည် ဖန်သားပြင်ထက်က တည်ကြည်လှသည့် ပုံစံနှင့် သိသိသာသာ ကွဲထွက်နေလျက်ရှိသည်

ခွင့်တောင်းခြင်း တစ်စုံမရှိဘဲ နံဘေးခုံမှာ ပိုင်စိုးပိုင်နင်း ဝင်ထိုင်တော့ မှိုင်းတွေ့တွေ့ စီးကရက်နံ့ ဖျော့ဖျော့သည် နှာဖျားထိပ်တွင် ရစ်သီသည်

"ခင်ဗျား ဘာလာလုပ်ပြန်တာလဲ?"

​"စိမ်းကားလိုက်တာ ညီကလည်း"

ဘီယာဘူးကို ဖောက်ခနဲ ဖွင့်လိုက်သည့်သူသည် ဆူဘင်းမျက်နှာကိုလည်း တပြုံးပြုံးနှင့်ကြည့်နေသေးသည်
ဝါးမြိုမတတ် အကြည့်စူးရှရှသည် ညို့အားပြင်းလွန်းလှ၍ ခေါက်ဆွဲဘူးထဲသာ ​ခေါင်းပြေးနှစ်ချင်မိသည်

"ညီ မျက်နှာ​တွေနီလာပြန်ပြီ"

"မနီပါဘူး"

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now