Unicode ver
Nov,2021
"အင်း"
"ဟွန်းကိုဂရုစိုက်ပေးပါဦး"
"အင်း ကျေးဇူး ဘောမ်ဂယူ"ပုခုံးချင်းထိစပ်လျက်နံဘေးမှာထိုင်နေသူသည် ဖုန်းပြောပြီးသည့်အချိန်အထိအပြုံးလက်ကျန်ဖြင့်..
"ဘာတဲ့လဲ?"
"အော် ဘောမ်ဂယူကဒီနေ့ညဟွန်းကိုခေါ်ထားမယ်တဲ့"
"ဒါဆိုကျွန်တော်ပြန်စရာမလိုတော့ဘူးပေါ့"
နှလုံးသားကိုတိုက်ခိုက်တဲ့ပါးချိုင့်လှလှလေးတွေကထင်းခနဲ..
ပုခုံးတစ်ဖက်ထက်မှီချလာသောခေါင်းလုံးလုံးလေးအားခေါင်းလေးစောင်းရင်းတစ်ဆင့်ထက်ကာပြန်မှီချလိုက်တော့ အပြန်အလှန်နားခိုစရာအဖြစ်နွေးနွေးထွေးထွေး
"ယောန်ဂျွန်"
"ဟင်?"
"ယောန်ဂျွန်အကြောင်းတွေအကုန်ပြောပြလို့ရမလား ကျွန်တော်သိချင်တယ်"
"ကိုယ့်အကြောင်း?"
"အင် ချွဲယောန်ဂျွန်ဆိုတဲ့လူသားကိုဟိုးအစကနေအဆုံးသိခွင့်ပေး"
စင်းထားသောခြေထောက်ထက်တင်ထားတဲ့လက်သွယ်သွယ်အားဖမ်းဆုပ်လာသောလက်ကလေးတစ်ဖက်..
လက်ချောင်းအသီးသီးကရစ်နွယ်ယှက်နှောင်သွားရင်းအကြင်နာတွေဖိတ်လျှံလို့.."ဘယ်ကနေစသိချင်လဲ?"
"ယောန်ဂျွန်ပြောပြချင်တဲ့နေရာကနေ"
"အင်.... ဒါဆိုကိုယ့်ဘဝမှာနောင်တနဲ့အနီးဆုံးဖြစ်ခဲ့တဲ့အတိတ်ကိုပြောပြမယ်"
....................................
August, 2013
အပြည်ပြည်ဆိုင်ရာ အထက်တန်းကျောင်းများ၏ အားကစားပွဲများ အကြိတ်အနယ်ကျင်းပပြီးနောက် မြောင်ဒုန် အထက်တန်းကျောင်းဝန်းတစ်လျှောက် ရွှေတံဆိပ်အားဆွတ်ခူးနိုင်ခဲ့သော ရေကူးအသင်း၏ ဂုဏ်သတင်းသည် မွှေးကြိုင်လို့နေ၏
"ဘောမ်ဂယူ မနေ့ကပွဲအရမ်းမိုက်ခဲ့တယ်ကွာ"
"နမ်ဒုန်ကျောင်းကလူတွေဆို မနေ့ကအီးမှန်တဲ့ ရုပ်ကြီးတွေနဲ့ကွ.."
YOU ARE READING
𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )
Fanfiction'ချစ်ခြင်း' ဆိုတဲ့ ချို့ယွင်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ကိုယ့်ဘဝက ကိုယ်ဖြစ်ချင်သမျှနဲ့ဘဲ ပြည့်စုံနေခဲ့မှာ ခံစားချက်တွေပေါက်ဖွားရာက ကိုယ့် အားနည်းချက်ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် "မင်း" ကို မပိုင်ဆိုင်ချင်ခဲ့လောက်ဘူး ညီ.... ...