Unicode ver
အပြစ်တွေနဲ့ နိုးထလာရတာကြာပြီ
ဘယ်လောက်ကြာခဲ့ပြီလဲမေးရင်
ကိုယ့်ဘဝတစ်ခုလုံးပဲ...နောင်တဆိုတာမျိုး မြူတစ်မှုန်စာလောက်တောင်မရခဲ့ပေမယ့် နှလုံးနာလို့ပြန်မတွေးချင်တော့တဲ့အတိတ်မျိုးတော့ ပိုင်ထားတယ်
ငရဲထိလိုက်မယ့်ဝဠ်ကြွေးတွေဆပ်မကုန်လောက်အောင် ကိုယ့်နောက်မှာရှိတယ်
မကြောက်ပါဘူး
ကိုယ့်အတွက် ဒီပါးချိုင့်နက်ကလေးတွေရှိနေပြီပဲ ..................................................
အိစက်စက်မွေ့ယာထက် အနည်းငယ်လေးလံနေသော ခန္ဓာကိုယ်ကိုအနောက်နံရံမှာ မှီလိုက်တယ်
အဝတ်မပါတဲ့နောက်ကျောဘက်က နံရံရဲ့အေးစက်မှုနဲ့ မိတ်ဆက်ပေမယ့် မျက်နှာချင်းဆိုင် ပြတင်းပေါက်ဆီက လရောင်ခြည်ကတော့ အပြုံးမျက်နှာထက် အနွေးဓာတ်ကိုပေးအပ်နေတယ်
အမုန်းဆုံးနာကျင်မှုက ခါးရိုးတစ်လျှောက်တဆစ်ဆစ်စီးဆင်းနေပေမယ့် ကုတင်ခြေရင်းဝယ် ဖြစ်သလိုပြန့်ကျဲနေတဲ့ အဝတ်အစားတွေကိုမြင်တော့ ပြုံးနေမိသလို...
ဆိတ်ငြိမ်သောအခန်းကျဥ်းထဲ နာရီသံ တဂျက်ဂျက်မှာ စားပွဲပေါ်က ဖုန်းကိုလှမ်းယူလိုက်ပြီး လက်ချောင်းတို့ကို အမြန်အလုပ်ပေးလိုက်တယ်
*ယောန်ဂျွန် ပြန်မလာသေးဘူးလား?*
အချိန်မလပ် Seen ပြသွားတဲ့ စာတစ်စောင်မှာ တင်ကနဲချက်ချင်းဝင်လာတဲ့စာတစ်ကြောင်း
*ခဏလေးပဲစောင့်
ကိုယ် ဆေးဆိုင်ရောက်နေပြီ**အကိုက်အခဲပျောက်ဆေးတွေ ကားထဲမှာပါလာတယ်ဆို*
*အင်း တခြားဆေးတွေပဲပါလာတယ်*
*အဲ့ဒါများအိမ်လှည့်ပြန်လာတာမဟုတ်ဘူး
ကျွန်တော် အဆင်ပြေပါတယ်ဆို**ညီ အဆင်ပြေပေမယ့် ကိုယ်ကအဆင်မပြေဘူး
မျက်နှာလှလှလေး ကိုယ့်ကြောင့်ရှုံ့နေတာကို ဘယ်လိုကြည့်ရက်ပါ့မလဲ*ဟက်ခနဲအသံထွက်ပြုံးမိသေးသည်
မကြာသေးခင်ကတော့ သူ့အလိုချည်းပဲ ပြုခဲ့တဲ့သူက..
![](https://img.wattpad.com/cover/278689535-288-k557031.jpg)
YOU ARE READING
𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )
Fanfiction'ချစ်ခြင်း' ဆိုတဲ့ ချို့ယွင်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ကိုယ့်ဘဝက ကိုယ်ဖြစ်ချင်သမျှနဲ့ဘဲ ပြည့်စုံနေခဲ့မှာ ခံစားချက်တွေပေါက်ဖွားရာက ကိုယ့် အားနည်းချက်ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် "မင်း" ကို မပိုင်ဆိုင်ချင်ခဲ့လောက်ဘူး ညီ.... ...