လက်ဖဝါး နှစ်ဖက်ရှိ မသတီစရာကောင်းလှသော စေးပျစ်ပျစ်အရည်များသည် ကြမ်းခင်းပေါ်သို့ တစက်တစက် ကျဆင်းနေလျက်ရှိသည်
ပူနွေးနွေးခံစားချက်နှင့်အတူ လှိုက်ခနဲတက်လာသော ညှီနံ့သည် မျက်နှာထက်မှ အကြောအမျှင်တို့အား တွန့်ရှုံ့စေခဲ့သော်ငြား နှလုံးအိမ်ထဲမှ တူမတူသော ချုပ်ငြိမ်းမှုတစ်ခုအား ခံစားခဲ့ရသည်
"သေသွားတော့လည်း အေးတာပဲ"
အေးစက်စက် စကားတစ်ခွန်းနှင့်အတူ မျက်လုံးတစ်ဖက်ကို နှောင့်ယှက်နေလျက်ရှိသော ဆံပင်စကို သပ်တင်မည်ကြံရွယ်တော့ လက်တစ်ဖက်မှာ နီရဲရဲသွေးစက်တို့နှင့် အကျည်းတန်နေသော ပုလင်းကွဲရှိသည်ကို သတိရသည်
"မ...မကောင်းဆိုးဝါး"
ထိုစကားသည် ကိုယ့်အား ရွံစရာသတ္တဝါတစ်ကောင်လို စက်ဆုပ်စွာကြည့်နေခဲ့သော သက်လတ်ပိုင်း ဦးလေးကြီးတစ်ယောက်မှ လာသည်
နှုတ်ခမ်းတစ်ဖက်ကို ခပ်ရွဲ့ရွဲ့ပင့်တင်လိုက်တော့ ထိုလူသည် ရူးကြောင်မူးကြောင် အော်ဟစ်လျက် လှေကားအောက်ကို ပြေးဆင်းသည်
*ဒုန်း ဒုန်း*
ဟန်ချက်မထိန်းနိုင်လျက် ဒယီးဒယိုင်လှိမ့်ကျသော ထိုသူ..
ကြမ်းပြင်နှင့် ပြင်းပြင်းထန်ထန် မှိတ်ဆက်သော ဦးခေါင်းခွံမှ သွေးပျစ်ပျစ်များ ပြိုဆင်းလာသည့်အခါ ထိုသူသည် လူစင်စစ်မှ မလှုပ်ရှားနိုင်တော့သော အရုပ်ကြိုးပြတ်အဖြစ် ရုတ်ချည်းကူးပြောင်းသွားခဲ့သည်
"သေရမှာ သိပ်ကြောက်တာပဲလား?"
ရုပ်ပြတ်ဆင်းပြတ် အသက်ငင်နေလျက်ရှိသော ထိုသူဆီ အေးအေးလူလူလျှောက်သွားလိုက်ပြီး နံဘေးမှာ ငုတ်တုတ်ထိုင်ကာ ငေးကြည့်နေသည်
"မင်း...ကို... မမွေးခဲ့သင့်တာ"
"ဟက်.. သိပ်နောက်ကျသွားပြီ အဖေ"
တဖြည်းဖြည်း အရောင်မှိန်လာခဲ့သည့် စက်ဆုပ်ဖွယ်ရာ မျက်လုံးများသည် နောက်ဆုံးထွက်သက်ထိတောင် ကိုယ့်ကို ရွံမုန်းနေခဲ့သည်လား?
ဖျတ်ခနဲ ပွင့်လာသည့် မျက်လုံးဆီသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ လမ်းမီတိုင်စူးရှရှနှင့် ကား နောက်ကြည့်မှန်တွင် ချိတ်ဆွဲထားသော မြေခွေးရုပ်သော့ချိတ်သေးသေး
YOU ARE READING
𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )
Fanfiction'ချစ်ခြင်း' ဆိုတဲ့ ချို့ယွင်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ကိုယ့်ဘဝက ကိုယ်ဖြစ်ချင်သမျှနဲ့ဘဲ ပြည့်စုံနေခဲ့မှာ ခံစားချက်တွေပေါက်ဖွားရာက ကိုယ့် အားနည်းချက်ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် "မင်း" ကို မပိုင်ဆိုင်ချင်ခဲ့လောက်ဘူး ညီ.... ...