Singularity (20)

655 107 13
                                    

Unicode ver

"အကို"

"အ"

ဘာရယ်မဟုတ်လက်ကောက်ဝတ်တစ်ဖက်ကိုဆွဲကိုင်လိုက်သည့်အခါ ညည်းသံတစ်ချက်နဲ့အတူတွန့်ချိုးသွားပါသောမျက်ခုံးတန်းတွေ...

"အကို ဘယ်နားနာလို့လဲဟင်"

မှေးမှိန်စွာပြုံးပြသည့်အကိုက လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို ခပ်ဖြည်းဖြည်းဖယ်ချနေပါ၏

"အကိုဘာမှမဖြစ်ဘူးနော်"

ဦးခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးသည့်လက်တစ်ဖက်က ဒီနေ့မှပိုပြီးအားအင်ချိနဲ့နေသလို..

"ဟွန်းတောင်းပန်တယ်နော်"

ဘာမှမလုပ်ပေးနိုင်တဲ့အပြစ်တင်စိတ်ကြောင့် နှုတ်ခမ်းတွေကိုတင်းတင်းဖိကိုက်ပစ်ပြီးတောင်းပန်စကားဆိုသည့်အခါ အကိုကခပ်ရေးရေးလေး ရယ်မောသည်

"ဟွန်းအပြစ်မှမဟုတ်တာ
ဘာလို့တောင်းပန်နေတာလဲ ဟွန်းရဲ့"

"ဒါပေမယ့်... ဟွန်း...သိရဲ့သားနဲ့....ဟွန်း...အကို့ကို..."

မျက်ရည်ဥလေးတွေတစ်စက်ချင်းကျလာသည်ကိုတွေ့ရတော့ အေးစက်နေတဲ့ရင်ဘတ်ထဲအနွေးဓာတ်ကလေးပဲရလိုက်သလို...
တစ်ခါမှမရခဲ့ဖူးတဲ့မေတ္တာတွေက Daniel အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုလိုပဲ...

"ဟွန်းမှ မတတ်နိုင်ခဲ့တာ
မငိုရဘူးနော် တိတ်တိတ်"

ပါးပြင်ထက်လက်ချောင်းသွယ်လေးတွေ တယုတယကျရောက်လာတော့ လစ်ဟနေသောအင်္ကျီလက်ရှည်၏နေရာလပ်ကြား မြင်နေရပါသော လက်ကောက်ဝတ်ကသွေးစိုနေတဲ့ပတ်တီးစအချို့ကိုစီးပတ်ထားလေ၏

ဘာမှမတတ်နိုင်ခဲ့တာလား?
တကယ်ပဲ ဘာမှမလုပ်နိုင်ခဲ့တာလား?
ဟုတ်တယ်
ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူး
ဘေးလူတစ်ယောက်လိုရပ်ကြည့်နေရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ဘူးလေ
မဟုတ်ဘူး
လုပ်နိုင်တယ် မလုပ်ခဲ့တာ
ဘာလို့လဲဆို ဂန်ထယ်ဟွန်းကသူရဲဘောကြောင်လို့လေ....

.............................................

"Dani..el"

ခြောက်ကပ်တဲ့အသံရှရှက နံဘေးမှာအိပ်နေတဲ့အကို့ကိုခပ်တိုးတိုးခေါ်နေတယ်

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )حيث تعيش القصص. اكتشف الآن