Singularity (28.2)

440 85 13
                                    

Unicode ver

"ကြားဖြတ်သတင်းအနေနဲ့ ဆမ်ဆုမ်းတောင်တစ်ဝိုက်အနီး အဆင့် ၃ အထိပြင်းပြပါသောလေမုန်တိုင်းတစ်ခုရုတ်တရက်ဝင်ရောက်နိုင်သည့်အတွက် ဒေသခံများအနေဖြင့် တောင်တက်ခြင်းများမပြုလုပ်သေးကြရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်"

ခပ်ဟောင်းဟောင်းရေဒီယိုမှ သတင်းတစ်ပုဒ်ကြောင့် အိမ်အတွင်းရှိအဘိုးအိုတစ်ဦးသည်တော့ ဖင်တကြွကြွ..

လက်ကိုင်ဖုန်းလေးအား တုန်တုန်ရီရီထုတ်လိုက်ကာ ဖုန်းနံပါတ်အချို့ကိုထပ်တလဲလဲခေါ်ဆိုနေပြန်တော့လည်း ဆက်သွယ်ရေးဧရိယာပြင်ပနဲ့သာ တိုးပါလေ၏

လေပြင်းပြင်းတွေက အသံဟိန်းလောက်သည်အထိဝုန်းခနဲတိုက်လာလေ အဘိုးအို၏စိတ်ကလည်း ထူပူသထက်ပူလာလေ..

မနေနိုင်တော့သည့်အဆုံး ဒေသခံကယ်ဆယ်ရေးအဖွဲ့ကိုသာဖုန်းဆက်လိုက်ရင်း

"ဟယ်လို လူ..လူပျောက်ကြေငြာချင်လို့ပါ"

"အထက်တန်းကျောင်းသူကျောင်းသားလေး လေးယောက်နဲ့ ဆယ်နှစ်ကျော်ကျော်ကလေးတစ်ယောက် တောင်တက်ရင်းအဆက်အသွယ်မရတော့လို့ပါ"

"ဟုတ် အမြန်လေးရှာ...ရှာဖွေပေးပါနော်"

တီခနဲပြတ်တောက်သွားသည့်ဖုန်းလိုင်းမှာ အုပ်မိုင်းနေတဲ့ပြတင်းအပြင်ဘက်က ကြောက်စရာ။

တထိတ်ထိတ်တုန်သောရင်တို့နဲ့သာ ဘေးကင်းစေဖို့ဆုတောင်းပေးနေရုံမှတစ်ပါးမတတ်နိုင်ခဲ့ပေ။

............................................

"ဘာ! လမ်းပျောက်နေတယ်!"

"အေး ငါလည်းဒီလမ်းထင်နေတာ"

"ပြစမ်း!"

စိတ်မရှည်လက်မရှည်နဲ့ ဘောမ်ဂယူလက်ထဲဖြန့်ကိုင်ထားသောမြေပုံကို မီဂျူကဆွဲယူလိုက်သည်

"နေဦး... ဒါ မြေပုံဟောင်းကြီးမဟုတ်လား?"

"ဟမ်? ဟုတ်လား?"

"ဒီမှာကြည့် ၂၀၁၂ တဲ့ရေးထားတယ်
ဆမ်ဆုန်းတောင်တက်လမ်းတွေက ၂၀၁၃ မှာ အသစ်ပြင်ထားတာမလို့ မြေပုံတွေပါပြောင်းထားတယ်လေ နင်မသိဘူးလား?"

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now