Singularity (24)

528 94 33
                                    

Unicode ver

အသည်းကွဲမှုဒဏ်ကတော့ သိပ်မဆိုးလှပါ

မျက်ခွံတွေမှိတ်ကျလိုက်တိုင်း မျက်ရည်တွေကျလာတတ်တာကလွဲရင်
ဘယ်နေရာကြည့်လိုက်ကြည့်လိုက် သူ့မျက်နှာမြင်နေရတာကလွဲရင်
အိပ်စက်ဖို့ကြိုးစားလိုက်တိုင်း သူ့အကြောင်းခေါင်းထဲဝင်လာတာကလွဲရင်..

အင်...သိပ်မဆိုးလှပါဘူး

*ဒီ....ဒီ....ဒီ*

တုန်ခါလာသည့်ဖုန်းမြည်သံကြောင့် ကုတင်နံဘေးရှိစားပွဲထက် တင်ထားသောဖုန်းအားလှမ်းကြည့်လိုက်သည်

*အတန်းခေါင်းဆောင် နမ်ယူရီ*

အခေါ်အပြောသိပ်မရှိသူဆီမှ ဆက်သွယ်သောဖုန်းသည် ကိစ္စမရှိ၍တော့မဖြစ်နိုင်..

နားထင်စပ်နား ခြောက်သွေ့နေသောမျက်ရည်စီးကြောင်းအချို့ကိုသုတ်ဖယ်လိုက်ပြီး ကုတင်ထက်လှဲနေရာမှကုန်းရုန်းထထိုင်လိုက်ကာ အစိမ်းရောင် Button လေးအားဆွဲလိုက်သည်

"ဟယ်လို"

"ဟယ်လို ဟျူးနင်းခါအီလား"

"အင်း ဘာကိစ္စရှိလို့လဲ"

"အော် ထွေထွေထူးထူးတော့မဟုတ်ပါဘူး ထယ်ဟွန်းနဲ့အဆက်အသွယ်ရလားလို့မေးချင်လို့"

နှုတ်စကားဝယ်ကပ်ပါလာသော နာမည်တစ်စွန်းတစ်စကြောင့် စောနလေးတင်မပါသောစိတ်တို့ကချက်ချင်းပဲတက်တက်ကြွကြွ..

"ဟင် ဘာလို့လဲ
ထယ်ဟွန်းကိုဆက်သွယ်လို့မရဘူးလား"

"အင်း မနက်ဖြန်ကျောင်းကောင်စီကလူတွေအစည်းအဝေးရှိတာ မေ့နေမစိုးလို့လှမ်းသတိပေးမလို့ဟာကို ဖုန်းကဆက်သွယ်လို့မရဘူးဖြစ်နေလို့"

"ငါဆက်သွယ်ကြည့်လိုက်မယ်လေ"

"ဒါဆိုငါက Thank you ပေါ့"

"ရပါတယ် ဒါပဲမလား?"

"အာ မနက်ဖြန်စနေနေ့မလို့ ကျောင်းထဲဝင်ဖို့ကျောင်းသားကတ်ယူလာဖို့လည်းမမေ့နဲ့လို့ပြောလိုက်ဦး ကျောင်းစောင့်ကအရစ်ရှည်တာနင်လည်းသိတဲ့အတိုင်းပဲ"

"အေးပါအေးပါ ငါပြောလိုက်ပါ့မယ်"

"အိုခေ ဒါဆိုငါစိတ်ချလိုက်ပြီနော်"

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )حيث تعيش القصص. اكتشف الآن