Singularity (25)

590 108 38
                                    

Unicode ver

*ဒီ....ဒီ....ဒီ*

"အကိုဘောမ်...ဂယူ...ကျွန်တော့်ကို..ကယ်ပါဦး"

ဖုန်းလိုင်းလေးဖြေကြားလိုက်တာနဲ့ကြားရတဲ့အသံတုန်တုန်လေးက သွေးကြောထဲအထိစိုးရိမ်မှုတွေကို ဖြတ်စီးစေလို့

"ဟွန်း....စိတ်ကိုအေးအေးထား
ဘာဖြစ်တာလဲ...အကို့ကိုဖြေးဖြေးချင်းပြော"

"ကျွန်တော်...ကျွန်တော် လူသတ်မိသွားပြီထင်တယ်"

နှာသံလေးစွက်နေတာက ငိုနေပြီထင်..
စောနလေးတင် အိမ်ပြန်ရောက်ရောက်ချင်း သူငယ်ချင်းခေါ်လို့ခဏထွက်ဦးမယ်ဆိုပြီး ထွက်သွားပါသောကလေးကဘာကိစ္စတွေနဲများကြုံခဲ့ရတာလဲ..

မလဲရသေးသော အဝတ်အစားတို့နဲ့အတူ ဆိုဖာထက်အနားယူနေရာမှ ချက်ချင်းထလိုက်ပြီး အိမ်ပြင်ကိုအပြေးထွက်လာခဲ့သည်

"အခုဘယ်မှာလဲ?"

"ဟို လမ်းကြားထဲမှာ..
ဟွန်းတို့အိမ်လာတဲ့ ဖြတ်လမ်းလေးထဲမှာ"

"သိပြီမလို့ အကိုချက်ချင်းလာခဲ့မယ်
အဲ့မှာပဲ စောင့်နေနော်"

"အွန်း"

ပြတ်တောက်သွားတဲ့ ဖုန်းလိုင်းအပြီး အပြေးအလွားဦးတည်ဖြစ်သည့်နေရာ။

အနီးဆုံးမှာထားထားနိုင်ရင်
အပြစ်တွေမျှဝေရလည်းဖြစ်တယ်

ဝဋ်ကြွေးတွေဆပ်ရတဲ့တစ်နေ့ ...
ဟွန်း တစ်ယောက်တည်း အထီးမကျန်တော့ဘူးပေါ့

............................................................

Present Day
Nov, 2021

ဟျူးနင်း၏သက်သေခံထွက်ဆိုချက်အပြီး ဆယ်ဂျင်းကျောင်းဘက်ကိုစုံစမ်းသည့်အခါ ပျောက်ဆုံးကျောင်းသားတစ်ယောက်ရှိနေသည်ကြောင့် ဂန်ထယ်ဟွန်းအားဝရမ်းထုတ်ရာတွင် အခက်အခဲမရှိလှပေ..

စိုးရိမ်တကြီးနဲ့ဟျူးနင်းကိုတော့ အတတ်နိုင်ဆုံးအပြစ်တွေလျှော့ပေါ့စေဖို့ကြိုးစားပါ့မယ် လိမ်လည်ထားရ၏

ဖြူဖြူစင်စင်လေးက ဒါတောင် သူ့ကြောင့်ဆို့ပြီး အပြစ်တင်နေကာ မျက်နှာကမကောင်း။

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now