-6-

6.1K 139 24
                                    


လေထဲလွင့်တက်လာသည့် ငရုတ်သီးနံ့မွှေးမွှေးလေးကို ရှူလိုက်ရတော့ ဟင်းအိုးအသာလှပ်ကြည့်ပြီး ခိုင်မြဲအောင် တစ်ယောက် ကိုယ့်လက်ရာကိုယ် ဂုဏ်ယူမဆုံးဖြစ်နေသည်။

ခိုင်မြဲအောင် ဒီအိမ်ရောက်လာတာ သုံးလလောက်ရှိပြီမို့ အတော်လေးနေသားကျလာပြီဖြစ်သည်။

ကိုယ့်အိမ်ထက်ပင် နေရတာ ပိုလွတ်လပ်တာကြောင့် အိမ်ကြီးရှင်မရှိသည့်အချိန် ဆိုနတ်ပြည်ရောက်နေသလို ပျော်နေတတ်၏။

အထူးသဖြင့် ကိုယ်တိုင်ချက်ပြုတ်ပြင် ဆင်ရသည့်အချိန်ဆို ပိုလို့တောင် ပျော်‌သည်။

တကယ်ပင် ဒီအိမ်ရဲ့ပိုင်ရှင်လို ၊မိသားစုဝင်လို ခံစားချက်မျိုးက ခိုင်မြဲအောင်ကို နွေးထွေးစေသည်။

"အမလေး..မောင်ခိုင်မြဲအောင်..လုပ်လိုက်မှဖြင့်..ငါးတွေက အစိမ်းမချက်ဘူးလေ ကြော်ချက် ချက်မှာ"

"အ...လန့်လိုက်တာ အန်တီအိရယ်.. ပြောတော့ ဒီနေ့မလာဘူးဆို..အဲ့ဒါကြောင့် ကျနော်က ချက်နေတာ"

ဟင်းချက်ပေးသည့် အန်တီအိ က ရုတ်တရက် မီးဖိုထဲဝင်လာတော့ သူ့မှာ အိုးဖုံးအပူကို ယောင်ပြီးကိုင်မိသွားသည်။

"အင်း..မနက်ပိုင်းက ခွင့်ယူလက်စနဲ့ ညနေပိုင်းပါ နားမလို့ပဲ မင်းယောကျာ်း က မင်းတစ်ယောက်တည်းမို့ သွားစောင့်ပေးပါတဲ့ "

အန်တီအိ က မင်းယောကျာ်း ဆိုသည့် နာမ်စားကို အားနဲ့ဖိ‌ ခေါ်ပြီး ရယ်ရယ်ပြုံးပြုံး ပြောလာတာမို့ ခိုင်မြဲ‌အောင် လည်း ရှက်သလိုလိုတောင်မလုပ်အားဘဲ သွားအကုန်ပေါ်အောင် ရယ်ပြ‌လေတော့သည်။

"ကျနော် နေတတ်နေပါပြီ အရင်က လမ်းတွေ သိပ်မသိသေးလို့ ကြောက်တာပါ၊ခု သိသွားပါပြီ။ ဒါနဲ့ ကျနော့်ကို အပူလောင်ရင်လိမ်းတဲ့ဆေးလေး ပေးပါလားဟင် နည်းနည်းပူသွားလို့"

"ဟယ်..ဘယ်လိုဖြစ်တာတုန်း..လာလာ..ဆေးထည့်ပေးမယ် လောင်တဲ့နေရာများလား..."

အန်တီကပြောပြောဆိုဆို မီးဖိုခလုတ်လှမ်းပိတ်ပြီး ခိုင်မြဲအောင်ကို ဧည့်ခန်းထဲဆွဲခေါ်ကာဆေးတစ်ခါတည်း ထည့်ပေးတော့သည်။

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now