စက်ဘီး ဝယ်ပေးမည်ဆိုတုန်းက ပျော်လွန်းလို့ ရူးသွားပြီလား ထင်ရသည့် ခိုင်မြဲအောင် တစ်ယောက် တကယ်တမ်း စက်ဘီး အိမ်ရောက်လာသည့်နေ့မှာတော့ သူထင်ထားသလို မဟုတ်။
သူထင်ခဲ့သည်က အရူးလေးလိုထပ်ဖြစ်သွားပြီး စက်ဘီးပေါ်က မဆင်းဘဲ နေမည် ထင်ခဲ့သည်။
စက်ဘီးပဲစီးနေတာကြောင့် သူအပြစ်ပေးရမည်ဆိုလျှင် fundoshi (ဂျပန်ရိုးရာအတွင်းဝတ်) နဲ့ ထိုင်ထ လုပ်ခိုင်းဖို့တောင် တွေးနေခဲ့သေးသည်။
အခုတော့ ခိုင်မြဲ က တိုက်အောက်မှာ ခဏပင် ခွကြည့်၊ တစ်ချက်နှစ်ချက် စီးကြည့်ပြီးနောက် လုံခြုံရေးခန်းဆီ အပ်ခဲ့လိုက်ပြီး စာလုပ်ရဦးမည်ဆိုကာ အခန်းထဲ ပြန်ဝင်သွား၏။
ညစာစားခါနီး အန်တီအိ ပြန်သွားသည်အထိ ထွက်မလာသေး။
တန်ဖိုးရှိလှသည့်စနေရုံးပိတ်ရက်လေးကို သူ စာအုပ်တစ်အုပ်နဲ့ပင် ဖြတ်သန်းလိုက်ရသည်။
သူ အမှတ်မမှားဘူးဆိုလျှင် ဒီရက်ပိုင်း စာမေးပွဲလည်း မရှိ။
နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့ဘဲ ခိုင်မြဲ အခန်းတံခါး
သွားခေါက်လိုက်သည်။"ခိုင်မြဲ .. စာလုပ်နေတုန်းလား?"
"မဟုတ်ဘူး..ယောကျာ်း.."
သူ အခုမှ ပို စိတ်တိုသွားသည်။ သူစိတ်တိုပြီး ဆူပစ်ဖို့ တွေးနေတုန်းမှာပင်
"ယောကျာ်း အန်တီအိ ပြန်သွားပြီလား?"
အခန်းတံခါး အသာလေး ဟ လာပြီး ခေါင်းပြူလာသည်။
"ပြန်သွားပြီ..အခုပဲ"
".."
သူ့အဖြေအဆုံးမှာ တံခါးက အဆုံးထိ ပွင့်သွားပြီး ခိုင်မြဲအောင် အပြင်ထွက်လာသည်။
" ယောကျာ်းက စက်ဘီး ဝယ်ပေးလို့.. လက်ဆောင်ပြန်ပေးတာ.."
မြစိမ်းရောင် ဇာဂါဝန်လေးက သူ ခိုင်မြဲ အတွက် သီးသန့် ဝယ်ပေးထားတာ ဖြစ်ပြီး မိန်းမ အဝတ်တွေ ဝတ်ရတာ မကြိုက်မှန်းသိတာကြောင့် ခဏခဏ မဝတ်ခိုင်းခဲ့။
သူ အရမ်းစိတ်ပါနေသည့်နေ့မျိုးသာ ခိုင်မြဲရဲ့ မျက်စောင်းဒဏ်ကို အောင့် ခံပြီး ဝတ်ခိုင်းလေ့ရှိ၏။
YOU ARE READING
တစ်ဦးတည်းသော [ZG+UNI]
Romance*အသက်(၁၈)နှစ်ပြည့်ပြီးသူများသာ ဖတ်ရန်* ကမ်းခြေကိုအလည်သွားရင်း မထင်မှတ်ဘဲ တွေ့ဆုံပြီး သူတို့နှစ်ယောက် တစ်ညတာအတူဖြတ်သန်းဖြစ်ခဲ့တယ်။ တစ်ညကုန်သွားပြီးပေမယ့် လက်မလွှတ်ပေးချင်တဲ့သူက ကောင်လေးကို တစ်နှစ်တိတိ သူ့ဘေးနားမှာ ရှိနေပေးနိုင်မလား ဆိုပြီး ကမ်းလှမ်းခ...