-10-

5.8K 117 15
                                    

ညနေခင်း လေးနာရီ။

သူ့ ရုံးခန်းစားပွဲ ကနေ ရှေ့တည့်တည့်ကို ကြည့်လျှင် အပြင်ခန်းက သာမာန်ရုံးစားပွဲ‌တွေကို မှန်မှတစ်ဆင့်ဖြတ်မြင် နေရပြီး ဘေးဘက်ကို ကြည့်လျှင်တော့ ကားရှုပ်သည့် လမ်းမတန်းနဲ့ မထူးခြားသည့် မြို့ပြ မြင်ကွင်း ကိုသာ မြင်‌ရသည်။

မတ်တပ်ထရပ်ပြီး မှန်နံရံတွေနားတိုးသွားလျှင်တော့ စီးပွားရေးမြို့တော်ကို ထွေးပွေ့ထားသည့် မြစ်ပြင်ကျယ်ကို စိတ်ရှုပ်ထွေးစရာ ကောင်းအောင် မြင်ရလိမ့်မည်။

ပင်လယ်ကူးသင်္ဘောတွေကြားမှာ မလိုက်မဖက် ကူးတို့ငယ်လေးတွေကို မြင်ရလျှင် ညနေခင်း တွေက ပိုပြီး ရှုပ်ထွေးနောက်ကျိရသည်။

စိတ်ရှုပ်ထွေးသည် ဟူသော အကြောင်းပြချက်ဖြင့် မှန်နံရံတွေကို လိုက်ကာ အပြည့်တပ်စေပြီး အမြဲတမ်း ပိတ်ထားခဲ့တာ ရုံးခန်းနေရာ စပြောင်းလာတည်းကပင် ဖြစ်သည်။

အဆောက်အဦး ဝင်ပေါက် မှာ taxiတစ်စီးထိုးရပ်လာပြီး ရင်းနှီးနေကျ အလုံးအထည်ကို မြင်လိုက်ရတော့မှ လိုက်ကာတွေ ပြန်ပိတ်ပြီး စားပွဲရှိရာ ပြန်လာလိုက်သည်။

ထင်ထားသည့်အတိုင်း ခိုင်မြဲ ဆီမှ ဖုန်းဝင်လာသည်။

"အင်း...တိုက်ထဲဝင်ခဲ့ ပြီးရင် လုံခြုံရေးကောင်တာမှာ ကိုယ့်ဆီလာတယ် ဆိုတာ ပြောပြလိုက် သူတို့ ဓါတ်လှေကား ဖွင့်ပေးလိမ့်မယ်.."

".."

"အင်း"

ဖုန်းချပြီးနောက် ရုံးခန်းထဲမှ ထွက်ကာ ဓါတ်လှေကားရှေ့ထိ သွားစောင့်နေလိုက်သည်။

ဓါတ်လှေကားတံခါးမှာ မြင်နေရသည့် ပုကွကွ ရောင်ပြန်က အမြင်ကပ်စရာကောင်းသည်။

ဒီနေ့မှ ဂျင်းဘောင်းဘီ အပွ ဝတ်လာတာမို့ ပိုပြီး ရယ်စရာပြကွက်လို ဖြစ်နေသည်။

~Ting~

မြည်သံထွက်လာပြီး သိပ်မကြာခင် တံခါးပွင့်သွားကာ ပြုံးရွှင်နေသည့် ခိုင်မြဲအောင် မျက်နှာကို မြင်လိုက်ရသည်။

ခိုင်မြဲက မပြုံးချင်ပဲ ပြုံးသည့်အခါနဲ့ စိတ်လိုလက်ရ ပြုံးသည့်အခါ အလွန်ကွာခြားပြီး သိသာသည်။

တစ်ဦးတည်းသော [ZG+UNI]Opowieści tętniące życiem. Odkryj je teraz