-16-

6K 164 53
                                    

ခိုင်မြဲ ယောကျာ်းရင်ခွင်ထဲ အမောဖြေချင်ပေမယ့် ယောကျာ်းက ဆေးလိပ်သောက်ချင်လို့ ဆိုပြီး ထွက်သွားတာ ကြောင့် ကုတင်ပေါ်မှာ ဆက်မအိပ်နေချင်တော့။

သန့်ရှင်းပြီး အဝတ်တွေ ပြန်ဝတ်ကာ ‌ယောကျာ်းဆေးလိပ် သောက်နေသည့် ဝရန်တာ ဆီထွက်ခဲ့လိုက်သည်။

‌ခုရက်ပိုင်းတွေမှာ ယောကျာ်းက မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေသည် ဟု ခိုင်မြဲ ထင်နေသည်။

တစ်ထစ်ချလည်း မပြောနိုင်။ ယောကျာ်းက အစတည်းက ပျော်စရာကောင်းတဲ့သူတစ်ယောက် မဟုတ်ပြန်တော့ ခန့်မှန်းရခက်၏။

အနားကပ်သွားကြည့်တော့ ဆေးလိပ်ဘူးလိုက် ဘေးနားချထားတာ တွေ့လိုက်ရသည်။

"ယောကျာ်း.."

လေအေး‌ပေးစက် တပ်ထားသည့် အခန်းထဲကနေ တံခါးအပြင်ထွက်လိုက်တော့ ပူခနဲ ဖြစ်သွားပေမယ့် ညဥ့်နက်‌ နေပြီမို့ အပြင်မှာ လေအေးနေပြီ။

"..မင်းဆေးလိပ်ငွေ့ရှူနေရမှာစိုးလို့ ထွက်လာတာကို.."

"ကျနော် လည်း သောက်ချင်လို့.."

"သောက်ချင်သောက်ပေါ့.."

သူ့ပေါင်ပေါ်တက်ထိုင်သည့် ခိုင်မြဲ လက်ထဲ ဆေးလိပ်ဘူး ထိုးထည့်ပေးလေသည်။

"ဒါပေမယ့် ကိုယ်က ဆေးလိပ်သောက်ထားတဲ့ နှုတ်ခမ်းတွေကို နမ်းရတာ မကြိုက်ဘူး.."

"ဟွန့်..ယောကျာ်းက.လူလည်ကျတာ.သူကျသောက်နေပြီး တော့.."

"ဘာလုပ်မှာလဲ..နှုတ်ခမ်းတွေ ပျက်စီးတယ် အဆုတ်တွေလည်း ပျက်စီးတယ် ကိုယ့်မိန်းမလေး အသက်တိုမှာ စိုးလို့.."

ခိုင်မြဲ ယောကျာ်းလည်တိုင်ကို ဖက်ထားလိုက်ပြီး ပခုံးပေါ် မှီအိပ်လိုက်သည်။

"‌‌ယောကျာ်းကရော? ..အသက်တိုမှာ မစိုးရိမ်ဘူးလား?"

ဆေးလိပ်လက်ကျန်ကို အဆုံးသတ်ရှိုက်ပြီး ပြာခွက်လေးထဲ ထိုးထည့်လိုက်၏။

"ဟဟ.. အသက်အရှည်ကြီး နေပြီး ဘာလုပ်မှာလဲ .. အလုပ်တွေပဲ လုပ်နေရမှာ.. ပျင်းစရာကြီး.."

"ယောကျာ်းကလဲ.!.ဟိုပုံပြင်ထဲကလို ဖြစ်နေဦးမယ်.. ဆင်းရဲတဲ့အချိန် သေချင်လို့ဆိုပြီး သတ်သေတုန်းက မသေဘူး၊ ချမ်းသာလာတဲ့အခါကျ မသေချင်တော့ လို့ ပုန်းနေတဲ့ ပုံပြင်လေ.. ဒါပေမယ့် ယောကျာ်းက ချမ်းသာ တဲ့ ဟာကို ဘာလို့ သေချင်နေတာလဲ?"

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now