-15-

5K 122 19
                                    

ရင်ဘတ်ထဲသိမ့်ခနဲတုန်ခါလစ်ဟာမှုနဲ့အတူ သူ အိပ်မက်ဆိုးမှ နိုးထလာသည်။

လေအေးပေးစက်က အတန်သင့်အေးနေသော်လည်း ကိုယ်ခန္ဓာတစ်ခုလုံး ပူလောင်နေသလို ခံစားရသည်။

စားပွဲတင်နာရီလေးက ၂:၂၈ ကို ညွှန်ပြနေသည်။

ကျိန်းသေပေါက် ညနှစ်နာရီပင်ဖြစ်သည်။

ခြုံ‌စောင်ကို ဘေးလှပ်လိုက်ပြီး ထထိုင်လိုက်၏။

ဆက်လှဲနေလျှင် သူ အိပ်မက်ပြန်မမက်တောင် ထိုအတွေးထဲက ရုန်းထွက်နိုင်မည် မဟုတ်။

အလုပ်ခန်းထဲသွားပြီး တစ်ခုခု ရှာလုပ်နေဖို့ ဆုံးဖြတ်ကာ အခန်းထဲမှ ထွက်ခဲ့လိုက်သည်။

ခိုင်မြဲ အခန်းရှေ့ကဖြတ်တော့ ဘာရယ်မဟုတ်ဘဲ ခဏလောက် ဖွင့်ကြည့်ချင်စိတ်ပေါက်လာသည်။

သူ ခိုင်မြဲကို သံယောဇဉ်မတွယ်စေချင်ပေမယ့် ခဏခဏ ခိုင်မြဲ အထင်မှားစေမည့် ကိစ္စတွေ လုပ်မိနေမှန်း သတိထားမိ၏။

သို့သော်လည်း မရပ်တန့်နိုင်။

သူ ရပ်လိုက်မိသည့်အချိန် ခိုင်မြဲ ကုတင်ဘေးတောင် ရောက်နှင့်နေခဲ့ပြီ။

ခိုင်မြဲ မျက်နှာလေး အနီးကပ်ကြည့်မိတော့ မျက်ရည်တွေကျပြီး ငိုနေသည်ကို တွေ့လိုက်ရသည်။

"ခိုင်မြဲ...ခိုင်မြဲ..."

ပခုံးကို ဖွဖွ လှုပ်နေပေမယ့်မရ။ ခပ်ကြမ်းကြမ်းလေး လှုပ်နှိုးလိုက်မှ မျက်လုံးပွင့်လာပြီး သူ့ ကို စိုက်ကြည့်နေ‌လေ၏။

အိပ်မက် နဲ့ လက်တွေ့ ကို မခွဲခြား နိုင်သေးသလိုမျိုး ‌မျက်ရည်တွေဝေ့သီ ရင်း တအိအိ ငိုချလာသည်။

သူ ပင့်သက်ရှိုက်ပြီး ကုတင်ပေါ်ထိုင်ကာ ပွေ့ဖက်ပေးထားလိုက်သည်။

ခိုင်မြဲက ငိုနေပေမယ့် ရှိုက်သံမထွက်အောင် အောင့်ထားသည်မို့ တချက်ချက် ခိုင်မြဲကိုယ်လေး တုန်ယင်သွားတတ်သည်။

".."

ကျောလေးသာ ပွတ်သပ်ပေးထားပြီး သူ စကားတစ်ခွန်းမှ မဆို။

ခိုင်မြဲ ငိုလို့ဝ သွားပေမယ့် သူ့ပခုံးပေါ် နဖူးတင်ထားပြီး တရှုံ့ရှုံ့လုပ်နေသည်။

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now