-17-

4.8K 120 26
                                    

After care အပြည့်အဝ ရထားပြီးသလို အချိန်လည်း ကြာနေပြီ ဖြစ်ပေမယ့် ခိုင်မြဲ လှုပ်ရှားလိုက်တိုင်း နာကျင်မှု က ခန္ဓာကိုယ် အနှံ့အပြားမှ ထိုးထွက်လာတတ်သေးသည်။

ခိုင်မြဲ ကို တစိမ့်စိမ့်ကြည့်နေတတ်သည့် ခိုင်မြဲ ယောကျာ်းကတော့ ခိုင်မြဲမျက်နှာမပျက်အောင် ထိန်းထားသည့်ကြားကပင်  ချက်ချင်း ရိပ်မိသည်။

ပြုံးမယောင်ယောင် မျက်နှာပေးနဲ့ ခိုင်မြဲကို မှတ်ပြီလား ဆိုသည့်အကြည့်ဖြင့် ကြည့်တတ်‌သေး၏။

" ယောကျာ်း .. ဒါမျိုးထပ်သောက်ချင်သေးတယ်"

နာနတ်သီးဖျော်ရည်ခွက်ကို ကိုင်ပြီး ယောကျာ်းနားကပ်ကာ ပြောလိုက်ပေမယ့် ကလပ်ထဲက သီချင်း‌သံတွေနဲ့ သေချာ မကြားရတာမို့ ယောကျာ်းက ခိုင်မြဲနား ပိုပြီးတိုးကပ်လာသည်။

နှစ်ယောက်သား နမ်းမိတော့မတတ်။

"ထပ်သောက်ချင်သေးတယ် လို့ "

" သောက်ချင်တယ်? "

ယောကျာ်းက မရေမရာ ပြန်ပြော‌ပြီးနောက် စားပွဲထိုးလေးကို လက်လှမ်းပြ ကာ တစ်ခွက် ဟု အသံထွက်ရုံလေးနဲ့မှာလိုက်သည်။

တကယ်တမ်း ဖျော်ရည်ခွက် လာပေးတော့ စားပွဲထိုး မဟုတ်ဘဲ မလှမ်းမကမ်း ဝိုင်းမှ ကောင်မလေး ဖြစ်နေသည်။

သူချပေးတာက အဝါရောင်ဖျော်ရည် တွေပေမယ့် ခိုင်မြဲ ပထမခွက်လို ဖန်ခွက်နှုတ်ခမ်းမှာ  နာနတ်သီးလေး ထိုးစိုက်မထား။

အနက်ရောင် စကတ်တိုတိုလေးနဲ့ ထိုအမျိုးသမီးက ယောကျာ်းပေါင်ပေါ် ရောက်လုမတတ် နီးကပ်စွာ ဝင်ထိုင်ရင်း

" ဟုတ်မှ ဟုတ်ပါ့မလားလို့ လှမ်းကြည့်နေတာ ကြာပြီ.. တကယ်ပဲ ကိုစည်သူ ဖြစ်နေတာပဲ.. "

ယောကျာ်းအသံထွက်လာတော့မှ ခိုင်မြဲ ထိုအမျိုးသမီးကို ပိုပြီး အာရုံစိုက်ကြည့်မိသည်။

ယောကျာ်းအသံဆိုပေမယ့် နားထောင်ရခက်လောက်အောင် ဩမနေ။

" အာ.. ကိုယ်တောင်းပန်ပါတယ်  ဘယ်သူမှန်း မမှတ်မိလို့.."

" ထင်သားပဲ.. ကိုစည်သူက ဘယ်သူ့မှ အာရုံထဲမထည့်တော့ .. မှတ်မိမှာ မဟုတ်ဘူးလို့.. ကိုသူရလွင် ပါတီပွဲမှာ တစ်ခါဆုံဖူးတယ်လေ..  ဟန်သာ့ ညီမ နဲ့ သူရလွင် နဲ့က ကျောင်းနေဖက်တွေ..  "

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now