-23-

1.4K 72 16
                                    


ခိုင်မြဲ သင်တန်းက စာမေးပွဲဖြေပြီး လို့ နားရပြီ ထင်ထားခဲ့ပေမယ့် လတ်တလော မှာ အလုပ်တွေ ပိုရှုပ်နေခဲ့ရသည်။

ယောကျာ်းရဲ့တစ်ဦးတည်းသော အစ်မက စေ့စပ်မှာမို့ မဆီမဆိုင် ခိုင်မြဲကပါ ကန့်လန့်ကန့်လန့်ဖြင့် အရှုပ်တွေ လုပ်နေရတတ်သည်။

ရံဖန်ရံခါ မမကြီး က အပိုးကျိူးလို့ ဆိုပြီး ခိုင်မြဲတစ်ယောက်တည်းကိုပဲ လှမ်းခေါ်ပြီး အလုပ်ကူလုပ်ခိုင်းတာမျိုးလည်း ရှိတတ်သည်။

မိန်းမတစ်ယောက် မင်္ဂလာတစ်ခါဆောင်ဖို့အရေးလည်း မလွယ်လှ။

Pre wedding ရိုက်မည့်နေ့အတွက် ပြင်ဆင်တာကိုပါ မှတ်တမ်းရိုက်ချင်သေးသည်ဆိုတော့ အတော့်ကိုပင် ကရိကထ များလွန်းသည်။

စေ့စပ်ပွဲက အကျဉ်းရုံးပြီး သတို့သားခြံထဲမှာ လုပ်မှာ ဆိုပေမယ့် ခြံထဲလုပ်တာကမှ အကျယ်ချဲ့လိုက်သလိုဖြစ်နေပြန်သည်။

ပွဲစီစဉ်ပေးမယ့်သူတွေကို ထပ်မံကွပ်ကဲကြီးကြပ်သူတွေ ရှိနေတာတောင် သတို့သမီးက လိုက်ပူနေရတာမျိုး။

ပန်းအရောင်တွေ ရွေးထားပြီးမှ နေဝင်ရင် လှပါ့မလား ဆိုကာ နေဝင်ခါနီး ပျိုးဥယျာဉ်ထဲ သွားကြည့်ခိုင်းတာမျိုးလည်း လုပ်တတ်သေးသည်။

"ကြီးကျယ်ခမ်းနားစရာမလိုဘူး ငါ့စိတ်တိုင်းကျ ဖြစ်ဖို့ပဲ လိုတယ် " ဆိုပြီး အခါအခါပြောသေး၏။

ပဲကြီးလှော်ကြားဆားညပ်၊ ကျွဲနှစ်ကောင်ခတ်ရာမြေစာပင် လေးဖြစ်တာက ခိုင်မြဲ ပဲ ဖြစ်သည်။

ယောကျာ်းက သူမပါဘဲသွားတာ မကြိုက်လို့ လှမ်းခေါ်၊ သူ့အစ်မက ပြန်မယ်ဆိုရင် သဘောမတွေ့။

သူ့အစ်မ ခိုင်မြဲကို ခင်လွန်းတွယ်တာလွန်းလို့ရယ်လည်း မဟုတ်။

ယောကျာ်းပြောပုံအရ ခိုင်မြဲက တုံးပြီး သူမကို စိတ်ထဲကနေတောင် မဝေဖန်မကဲ့ရဲ့ နိုင်သည့်သူမျိုးမို့လို့ မမကြီးက ခေါ်ခိုင်းနေသတဲ့။

ဘာကြောင့်ဖြစ်ဖြစ်၊ ယောကျာ်းတောင် တိုက်ရိုက်အတွန့်မတက်ရဲမှတော့ ခိုင်မြက ခိုင်းသည့်အတိုင်းပဲလုပ်ရုံရှိသည်။

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now