-24-

1.1K 74 40
                                    

လိမ္မော်ရောင်တွေ ဝေဆာနေသည့် ညနေခင်းတစ်ခုကို သူမှတ်မိသည်။

ထိုနေ့က မေမေသူ့ကို အချိန်အကြာကြီး ငေးစိုက်ကြည့်နေတာကိုလည်း မှတ်မိသည်။

မေမေရဲ့ အသည်းအသက်လေးဆိုပြီး တုန်နေအောင် ချစ်တာမို့ ပစ္စည်းဥစ္စာမပြည့်စုံပေမယ့် မေတ္တာတွေနဲ့ဖူလုံခဲ့သည်။

သို့ပေမယ့် သူ ခြောက်နှစ်မပြည့်ခင်မှာ မေမေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

မေမေနဲ့အတူ ခြောက်နှစ်သားအထိ နေခဲ့ရပေမယ့် ဘယ်လိုပုံစံရှိခဲ့လဲ သူ‌အတိအကျ မမှတ်မိနေတော့။

မေမေ့မှာ ပါးဖောင်းဖောင်းနဲ့ သွားထက်ကလေးရှိတာပဲ မှတ်မိတော့သည်။

ကျန်တာတွေက ယောင်ဝါးဝါး ဝိုးတဝါးသာဖြစ်၏။

ခြောက်နှစ်အရွယ်ကလေး တစ်ယောက်က သေတယ် ဆိုတာ ဘာမှန်းမသိခဲ့။

မေမေက အမြဲအိပ်နေမှာ ဖြစ်ပြီး သူလည်း အိမ်မှာ နေလို့ မရတော့ဘဲ သူများအိမ်မှာ သွားနေရတော့မယ် ဆိုတာ သာသိခဲ့သည်။

မေမေက သူ့ဆီပြန်မလာတော့ဘူးဆိုတာ သူ မယုံခဲ့။ နိုးလာရင် သူ့ဆီလာမယ်ဆိုပြီးပဲ ယုံကြည်နေခဲ့သည်။

အချိန်တွေလွန်လာမှ တချို့အရာတွေကို သူ နားလည်လာသည်။

မေမေက နေမကောင်းဖြစ်နေတာကြောင့် သူ့ကို မစောင့်ရှောက်နိုင်တော့တာ ဖြစ်ပြီး ရောဂါကျွမ်းလာသည့် အချိန်တွင် သူ့ဆီ ဒုက္ခတွေ ပုံလာမည်စိုး၍ အဆုံးသတ်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မေမေဆုံးပြီးနောက် ပိုင်ဆိုင်တာဆိုလို့ သူ့တွင် 'ဖြိုးသက်တည်' ဆိုသည့် နာမည်လေးတစ်လုံးသာ ကျန်ရစ်ခဲ့သည်။

မေမေ့နာမည်မှာ ဖြိုး ပါခဲ့ပြီး ဖြိုးရဲ့အသက်တည်ရာနေရာလေး ဆိုပြီး ရည်ရွယ်ခဲ့ပုံရသည်။

'ဖြိုးသက်တည်' ဆို သည့်နောက်ဆုံး ပိုင်ဆိုင်မှုလေးကိုတော့ အသက်(၁၃)နှစ်အရွယ်တွင် စွန့်လွှတ်ခဲ့ရသည်။

မွေးစားခံလိုက်ရပြီး လိုလေသေးမရှိအောင် ပြုစုခံခဲ့ရသည်။ပစ္စည်းဥစ္စာတင်မက မေတ္တာတွေပါ ဖောဖောသီသီရရှိခဲ့သည်။

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now