အဲကွန်းရဲ့ အအေးဓါတ်က ပိုပိုပြီး ချမ်းစိမ့်လာတာကြောင့် ဆက်မအိပ်တော့ဘဲ ထထိုင်ပြီး အအေးလျှော့ဖို့ လုပ်ရသည်။
ထလိုက်မိမှ ခိုင်မြဲ ခုထိ အိမ်ပြန်မရောက်သေးဘဲ ကလပ်ရဲ့ အိပ်ခန်းထဲမှာပဲ ရှိသေးကြောင်း ပြန်သတိရသွား၏။
ဘေးနားမှာ ယောကျာ်းလည်း မရှိ။
" ယောကျာ်း.. "
ပါးစောင်တွေညောင်းပြီး လည်ချောင်းတွေ ခြောက်နေတာမို့ အသံက အက်ရှရှနဲ့ ထွက်သည်ဆိုရုံလေး။
ရေချိုးခန်းဘက်ရှိနေမလား ထ ရှာကြည့်သော်လည်း မတွေ့။
အိပ်ယာဘေးနား ပြန်လာတော့မှ ဖုန်းအောက်မှာ ဖိထားသည့်စာရွက်ကို တွေ့လိုက်ရ၏။
~ ခိုင်မြဲ
ကိုယ် အရေးကြီး ကိစ္စလေးရှိလို့ အရင် သွားလိုက်ရတယ်
နိုးရင် အေးအေးဆေးဆေး အဝတ်လဲပြီးမှ ကား ပါကင်ဆီသွားလိုက် ဒရိုင်ဘာစောင့်နေလိမ့်မယ်
အိမ်မှာ အန်တီအိလည်း လာစောင့်နေပေးလိ့မ်မယ်
စိတ်ချမယ်၊ လိမ္မာနော်
~သူ့စာမှာ ခိုင်မြဲ သိချင်တာ တစ်ခုမှ မပါ။
ဘယ်သွားလဲ။ ဘာကြောင့်သွားရသလဲ။ ည သန်းခေါင်ချိန်ကြီးမှာ အရေးကြီး ကိစ္စက ဘာဖြစ်နိုင်မလဲ။
မိဘတွေ ကျန်းမာရေး ကိစ္စများလား။
ခိုင်မြဲ ရင်ထဲ ပူပန်မှုနဲ့ အတူ သိချင်စိတ်တွေ၊ အလိုမကျစိတ်တွေကပါ ရောယှက်စိမ့်ဝင်လာသည်။
ခိုင်မြဲကို ဘာလို့ မနှိုးခဲ့ရတာလဲ။ အိပ်ရေးမပျက်စေချင်ရုံလေးကြောင့်တော့ မဟုတ်တန်ရာ။
ခေါင်းထဲမှာ မေးခွန်းတွေ စုပြုံနေပေမယ့် လက်တွေ့မှာတော့ သူ့အမိန့်အတိုင်းသာ တိတ်တိတ်ဆိတ်ဆိတ်ကလေး နာခံခဲ့လိုက်သည်။
××××
သူ ပြန်မရောက်သေးဘူး ထင်ပေမယ့် ခိုင်မြဲ အိမ်ပြန်ရောက်သည့်အချိန်မှာ သူပြန်ရောက်နှင့်နေပြီ။
"ယောကျာ်း.."
ခိုင်မြဲရဲ့အခန်းထဲကနေ ထွက်လာတာမို့ ထူးဆန်းတယ် တွေး နေတုန်းမှာပင်
YOU ARE READING
တစ်ဦးတည်းသော [ZG+UNI]
Romance*အသက်(၁၈)နှစ်ပြည့်ပြီးသူများသာ ဖတ်ရန်* ကမ်းခြေကိုအလည်သွားရင်း မထင်မှတ်ဘဲ တွေ့ဆုံပြီး သူတို့နှစ်ယောက် တစ်ညတာအတူဖြတ်သန်းဖြစ်ခဲ့တယ်။ တစ်ညကုန်သွားပြီးပေမယ့် လက်မလွှတ်ပေးချင်တဲ့သူက ကောင်လေးကို တစ်နှစ်တိတိ သူ့ဘေးနားမှာ ရှိနေပေးနိုင်မလား ဆိုပြီး ကမ်းလှမ်းခ...