-8- [Zawgyi Font]

2.1K 39 2
                                    


"ခိုင်မြဲ..လက်သည်းနီတွေ ဘာလို့ဆိုးထားတာလဲ?"

အတန်းပြီးလို့ ပစ္စည်းသိမ်းနေရာကနေ နဒီ့မေးခွန်းကြောင့် လက်ချောင်းတွေကို ဖြန့်ကြည့်မိသွားသည်။

မန်ကျည်းဖျော်ရည်အရောင်လိုမျိုး လက်သည်းဆိုးဆေးတွေ အတွက် ခိုင်မြဲ ဘယ်လိုဆင်ခြေပေးရမယ်မှန်းမသိ။

" ဟို...ကျနော့် အစ်ကိုလေ..သူနဲ့ ‌အလောင်းအစားလုပ်ရင်း ရှုံးသွားလို့.."

ကျန်သည့်ပစ္စည်းတွေ ခပ်မြန်မြန် ထိုးထည့်ပြီးထွက်ဖို့ လုပ်ရသည်။ မေးခွန်းတွေထပ်မေးလာလျှင် အများကြီး ထပ်ပြီး လိမ်နေရလိမ့်မည်။

" ခိုင်မြဲ တို့ညီအစ်ကိုတွေကတော်တော်ချစ်ပုံရတယ်နော်.. ဒီအရွယ်ရောက်နေတာတောင် အိမ်စာစစ်ပေးရတာနဲ့ ဂိမ်းတူတူဆော့ရတာနဲ့.. နဒီလည်း အဲ့လို အစ်ကိုမျိုး လိုချင် လိုက်တာ "

ခိုင်မြဲ မချိပြုံးလေးသာ ပြုံးပြရင်း မနေ့ညနေက အိမ်ကယောကျာ်း အရူးထပုံတွေကို ခေါင်းထဲက မနည်းမောင်းထုတ်နေရသည်။

လက်သည်းနီ ဆိုးထားတဲ့ လက်တွေနဲ့ သူ့ညီလေးကို ဆုပ်ထားတာ မြင်ချင်တယ်ဆိုပြီး လက်သည်းဆိုးပေးခဲ့ကာ ခါတိုင်းညတွေထက် ငါးဆလောက် ပွဲကြမ်းခဲ့တာကြောင့် ခိုင်မြဲ အမောကြီး မောခဲ့ရသည်လေ။

"နဒီ့ အစ်မတွေကလည်း နဒီ့ကို ချစ်ပါတယ်.. အမြဲတမ်း ဘယ်သွားသွား နဒီ့အတွက် နဒီပါမှဆိုပြီး ပြောတာပဲဟာ.."

"အဲ့လိုတော့ ချစ်ပါတယ် ခိုင်မြဲတို့ညီအစ်ကိုလောက်တော့ အစေးမကပ်ဘူးလေ.. ခုမှသတိထားမိတယ် ခိုင်မြဲ အစ်ကိုက လက်သည်းနီဆိုးတတ်တာပဲ သေချာဆိုးပေးထားတယ် အိမ်က မမကြီးတောင် အဲ့လိုမဆိုးတတ်ဘူး သူဆိုးရင် ထူလိုက်ပါးလိုက် နဲ့ ၊ စိတ်လည်းရှည်ပုံရတယ်"

နဒီက လွယ်အိတ်ကို ဆုပ်ကိုင်ထားသည့် ခိုင်မြဲ  လက်ချောင်းတွေကို ကြည့်ပြီး မှတ်ချက်ချနေလေသည်။

ခိုင်မြဲစိတ်ထဲတွင်တော့...

*ကျွန်တော့်ဘဲကြီးက လက်သည်းနီလည်း ဆိုးတတ်တယ် နှုတ်ခမ်းနီလည်း ဆိုးတတ်တယ် စိတ်လည်းရှည်တယ် ဟိုဒင်းလည်းရှည်တယ်.. အဆောင့်လည်းကြမ်းတယ် အရိုက်လည်းကြမ်းတယ် ကြိမ်လုံးပြီးရင် ယူသွား ဟိဟိ *

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now