သူရလွင် သူငယ်ချင်းတွေနဲ့ စကားလက်စုံကျနေရာမှ ဖုန်းထဲရောက်လာသည့် message တိုလေးကြောင့် အရေးကြီး အစည်းအဝေး ရှိမှန်းသတိရသွားသည်။
စာတိုဆိုသည့်အတိုင်း တိုတိုလေး။
-အစည်းအဝေး-
ဘာအပိုဆာဒါးမှ မပါတာကြောင့် ဟိန်းထက်အောင် စိတ်ဆိုးနေမှန်းလည်း သူ ခန့်မှန်းမိလိုက်သည်။
သူရလွင်တစ်ယောက် စကားလက်စဖြတ်ပြီး အမြန်အဆန် ထ လာခဲ့တော့သည်။
××××
သူရလွင် ပိုင်သည့် ကိုယ်ပိုင်ကျောင်းရဲ့ စီမံအုပ်ချုပ်ဆောင်ထဲ ရောက်တော့ အစည်းအဝေး စနေပြီ ဖြစ်သည်။
အစည်းအဝေးခန်းရှိရာ ခပ်သုတ်သုတ် ပြေးလုနီးပါး လမ်းလျှောက်လာခဲ့ပေမယ့် မမီတော့။
ခန်းမတံခါး ပိတ်ထားချေပြီ။
ချောင်းတစ်ချက်ဟန့်ရင်း တွန်းဖွင့်ဝင်သွားသည့်အခါ-
" အချိန်နောက်ကျပြီးမှ ဝင်ခွင့်မရှိဘူး။ အပြင်မှာစောင့်နေ"
ထိုစကားကို ကျောင်းအုပ်(စီမံ) ဆိုသည့် ဆိုင်းပုဒ်တပ်ထားတဲ့ခုံနေရာမှာ ထိုင်နေသည့်သူက လှမ်းပြောခြင်း ဖြစ်သည်။
ထိုသူက အခြားမဟုတ်။ ဟိန်းထက်အောင်ပင်။
" ...."
သူရလွင် ဘာမှမပြောဘဲ အံတင်းတင်းကြိတ်ပြီး လှည့်ထွက်လိုက်သည်။
အခြားသူများကတော့ သူရလွင် စိတ်ဆိုးပြီး အံကြိတ်လှည့်ပြန်သွားသည်ထင်လိမ့်မည်။
တကယ်တမ်းအဲ့သလိုမဟုတ်။
စတစ်ကော်လာအဖြူနဲ့ ဖရိန်မပါသည့် မျက်မှန်ကလေးနဲ့
ဟိန်းက အလွန်ပင် ဆွဲဆောင်မှုရှိနေသည်။ဒေါသကြောင့် ပိုပြီးစူးရှဝင့်ထည်နေကာ လက်ညိုးထိုးပြီး ပြောလိုက်သည့်ပုံက အဖန်ဖန်အကြိမ်ကြိမ် သေဆုံးချင်စရာ။
ချက်ချင်း စားပွဲထိပ်ကို သွားပြီး ဖိချကာ တင်ပါးတွေကို ရိုက်နှက်ပစ်လိုက်ချင်သည်။
လူကသာ ခုံတန်းမှာ ငြိမ်ငြိမ်လေးထိုင်စောင့်နေရပေမယ့်
စိတ်တွေကတော့ play room ထဲရောက်နေပြီဖြစ်သည်။
YOU ARE READING
တစ်ဦးတည်းသော [ZG+UNI]
Romance*အသက်(၁၈)နှစ်ပြည့်ပြီးသူများသာ ဖတ်ရန်* ကမ်းခြေကိုအလည်သွားရင်း မထင်မှတ်ဘဲ တွေ့ဆုံပြီး သူတို့နှစ်ယောက် တစ်ညတာအတူဖြတ်သန်းဖြစ်ခဲ့တယ်။ တစ်ညကုန်သွားပြီးပေမယ့် လက်မလွှတ်ပေးချင်တဲ့သူက ကောင်လေးကို တစ်နှစ်တိတိ သူ့ဘေးနားမှာ ရှိနေပေးနိုင်မလား ဆိုပြီး ကမ်းလှမ်းခ...