-9-

5.7K 130 26
                                    


စောစောထစရာမလိုတဲ့ မနက်ခင်းတွေကို ခိုင်မြဲ သဘောကျပေမယ့် အခုလိုမျိုး မအီမသာ ဖြစ်ပြီး အိပ်ယာ ထဲခွေနေရတာမျိုးကိုတော့ သဘောမကျ။

‌ယောကျာ်းက ငှက်သိုက် တိုက်လို့ သောက်ထားပြီးတာတောင် ခန္ဓာကိုယ်မှာ အားအင်တွေ တိုးဝင်လာတယ်လို့ မခံစားရသေး။

စောင်ပုံထဲမှာ မျက်လုံးလေးပဲ ဖော်ထားရင်း အခန်းတံခါးဝကို သာ စောင့်ကြည့်နေသည်။

ယောကျာ်းအခန်းထဲ လာအိပ်ရတာ ပထမဆုံး မဟုတ်။
သို့သော်လည်း မနက်လင်းပြီး ယောကျာ်းပြင်ပေးသည့် မနက်စာစားဖို့ ယောကျာ်းအိပ်ယာထဲမှာ စောင့်နေရတာကတော့ ဒါပထမဆုံး ဖြစ်သည်။

"ခိုင်မြဲ .. အပြင်ထွက်စားချင်လား?"

ရုတ်တရက် တံခါးပွင့်လာကာ မေးခွန်း‌မေးပြီးနောက် ခိုင်မြဲ ဘာမှ မဖြေရသေးမီ

"အိုကေ... ကိုယ် အခန်းထဲပဲ သယ်ခဲ့မယ်.."

တံခါးပွင့်လျက်သား ထားခဲ့ပြီး စားစရာဗန်းသွားသယ်ကာ အခန်းထဲ နောက်တစ်ခေါက်ပြန်ဝင်လာသည်။

"ကုတင်ပေါ်မှာပဲနေ.."

ခိုင်မြဲ ကုတင်အောက်ဆင်းဖို့မလုပ်တော့ဘဲ အစွန်းမှာ ငြိမ်ငြိမ်လေး ထိုင်စောင့်နေသည်။

ဗလာကျင်းနေသည့် ကိုယ်အောက်ပိုင်းကို စောင်အစွန်းဖြင့် ပတ်ထားတာကို မြင်တော့ သူက ပြုံးလေသည်။

"မမြင်ဖူးတာကျလို့.."

"ယောကျာ်းကို ရှက်လို့ မဟုတ်ပါဘူး။ အစားအသောက်တွေရှေ့မှာ အားနာစရာကြီး..."

သူက စားပွဲခုံကို ကုတင်နား ရွှေ့ပေးနေရာကနေ ခိုင်မြဲဆီ မော့ကြည့်သည်။

"ဘယ်သူ့ကို အားနာတာလဲ?"

ခိုင်မြဲ စားစရာတွေဆီလက်ညိုးညွန်ပြကာ

"စားစာရာတွေကိုလေ.."

သူက ရယ်ချင်တာကို အတင်းအောင့်ထားပြီး ပြုံးရုံသာ ပြုံးကာ..

"စားတော့.မင်းကြိုက်တာတွေဝယ်လာတယ်.ဝင်သလောက်စား..မကုန်လည်းရတယ်"

သူလည်း ဘေးမှာဝင်ထိုင်ကာ ကော်ဖီသောက်ရင်း ခိုင်မြဲကို စောင့်ပေးသည်။

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now