-11-

5.4K 129 14
                                    

"မင်းကလဲ..အကျင့်မကောင်းလိုက်တာ..sharing လုပ်မယ်ဆို..ငါ့ကို အရင်ပေးတာမဟုတ်ဘူး.."

ငယ်ငယ်တုန်းကအကြောင်းတွေ စားမြုံ့ပြန်ရင်း ပန်းခြံထဲကအကြောင်းပါ ပြောပြဖြစ်တော့ သူရလွင်ကသူ့ကို အရင်မပေး၍မကျေနပ်။

"ဖြစ်ရလေ..တကူးတကကြီး မင်းကိုပေးနေစရာလား? ပြီးတော့ ခုချိန်ထိ သူများကို မပေးချင်‌သေးပါဘူး... နည်းနည်း..စိုးရိမ်တာလေးတွေရှိလို့.."

သူ လက်ထဲက ဆေးလိပ်တိုကို ပြာခွက်ထဲ ထိုးချေပစ်လိုက် ပြီး အခိုးတွေမှုတ်ထုတ်ရင်းကနေ နောက်တစ်လိပ် ထပ်ယူသည်။

"..ဖင်မီးခိုးထွက်အောင် သောက်မနေနဲ့... မွှန်တယ်... ဘာတွေ စိုးရိမ်နေလို့လဲ?ဝ ရင်ထားခဲ့ပေါ့ ဒါပေမယ့် ကောင်လေးပုံစံအရ ပျင်းဖို့ စောလွန်းပါသေးတယ်.. "

"မပျင်းသေးပါဘူး.. "

သူသက်ပြင်းချရင်း စီးကရက်တစ်လိပ်ထပ်ထုတ်လိုက်သည်။

"ဒီအတိုင်းပဲ.. ကောင်လေးက ငယ်လွန်း‌သေးတယ်လေ.. ငါဖြတ်တဲ့အချိန် မပြတ်နိုင်ဘဲ တအားတွယ်ကပ်နေမလား ဆိုပြီး.. နည်းနည်း ... "

တစ်နှစ်ပြီးသွားတဲ့အခါ ခိုင်မြဲအောင် သူ့ကို တွယ်ကပ်နေမလား စိုးရိမ်တာထက် ခိုင်မြဲ သူနဲ့ဝေးရမှာကို စိတ်မကောင်းဖြစ်နေမလား တွေးပူနေခြင်းဖြစ်သည်။

ကောင်လေးက သံယောဇဉ်ကြီးပြီး အလေးအနက် ထားတတ်မှန်း ပိုသိလာလေလေ ဘေးနားထားဖို့ တွေဝေလာလေလေ ဖြစ်သည်။

"..အမ်းထားပြီးသားမလား? "

"အင်း.."

"အဲ့ဒါဆို ဘာပူနေလဲ? ကပ်နေချင်လည်း ခဏပေါ့.. နှစ်ခါသုံးခါ ငြင်းလိုက်ရင် ဘယ်လာတော့မလဲ.. ရှေ့ကလူတွေလည်း အဲ့လိုပဲဟာ.."

"ရှေ့ကလူတွေက ပိုပြီး ဆင်ခြင်နိုင်တဲ့အရွယ် ရှိတယ်လေ.. ဒီကောင်လေးက ငယ်သေးတယ်.."

"ကိုယ်တိုင်ပဲရွေးခဲ့ပြီးတော့.."

အမှန်တရားတစ်ခုကိုထောက်ပြရင်း သူရ က လက်ထဲက ဘီယာခွက်ကို သောက်မလို ပြန်ချမလိုလုပ်နေ၏ ။

"တကယ်တော့ သူကလူစားထိုးပြီး ရောက်လာတာ .. အဲ့တုန်းက ငါလည်း နည်းနည်း ဆာနေပြီဆိုတော့ သူ့ပဲရွေးလိုက်တာ.. "

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now