-25-

1.2K 79 22
                                    


ခိုင်မြဲ မရောက်ချင်ဆုံးအချိန်က ခိုင်မြဲရှေ့တည့်တည့် ရောက်လာခဲ့ပြီ။

စားပွဲပေါ်တင်ထားတဲ့ စာရွက်စာတမ်းတွေ ကြည့်ပြီး ခိုင်မြဲ ငိုချင်လာသည်။

ဟင့်အင်း။ ငိုချင်တယ်ဆိုတဲ့ ခံစားချက်ထက်ပိုပြီး ရှုပ်ထွေးနေသည်။

ယောကျာ်းက တစ်ရက်တော့ လမ်းခွဲဖို့ပြောလာမယ်ဆိုတာ သိခဲ့ပေမယ့် အခုလောက်မြန်မယ် မထင်ခဲ့။

မနေ့ကမှ ရင်ထဲရှိသမျှ ခွန်အားတွေနဲ့ ဖွင့်ပြောခဲ့ရတာ။

" ဘာ..ဘာလို့လဲ"

" လောလောဆယ် ကိုယ်တစ်ယောက်တည်းပဲ နေချင်တယ်"

ယောကျာ်းက စီးကရက်ကို လက်ကမချစတမ်းသောက်နေပြီး ခိုင်မြဲ ကို စိတ်မရှည်သလိုမျိုး ကြည့်နေသည်။

" ဒါဆို ကျနော် တခြားသွားနေပေးမယ်လေ၊ ယောကျာ်း အရင်က ပေးထားတဲ့ အသုံးစရိတ်တွေနဲ့ အဆင်ပြေမယ့် နေရာမှာ ခဏ-"

" ကိုယ်တို့ စာချုပ်ကို ဖျက်သိမ်းပြီး ဘာမှမသက်ဆိုင်တော့တဲ့ လူတွေလိုနေဖို့ ပြောနေတာ.. "

ခိုင်မြဲ ကုလားထိုင်ကနေ ဆင်းပြီး ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ

" ယောကျာ်း.. အဲ့လိုမလုပ်ပါနဲ့ .. ကျနော် ပြင်ပါ့မယ် ယောကျာ်း မကြိုက်တာ မလုပ်မိအောင်နေပါ့မယ်.. ချစ်တယ်လို့လည်း ထပ်မပြောတော့ဘူးနော်..."

" ပြောရခက်လိုက်တာ ခိုင်မြဲရာ.. ချစ်တယ်တွေ မချစ်ဘူးတွေကို ငါစိတ်မဝင်စားဘူး.. အခု ငါမင်းကို လုပ်စေချင်တာ စာချုပ်ဖျက်သိမ်းတာကို လက်မှတ်ထိုး.. ပြီးတော့ ဒီ တိုက်ခန်းမှာ သွားနေပြီး စီစဉ်ထားတဲ့အတိုင်း ကျောင်းဆက်တက် နိုင်အောင် လုပ်.. ကုန်ကျစရိတ်တွေက မင်းစိတ်ပူစရာမလိုဘူး.. "

" ဟင့်အင်း... မသွားဘူး။ ဒီအိမ်မှာပဲနေမှာ.."

ယောကျာ်းခြေထောက်ကို ဖက်ထားပြီးပြောတော့ ယောကျာ်းက မရုန်း။

ငြိမ်ငြိမ်လေးသာနေသည်။

" မင်းငါ့ဆီက ဘာလိုအပ်တာရှိသေးလို့လဲ? တကယ်လို့ မင်းအတွက် Dom တစ်ယောက်လိုတာဆိုရင်လည်း စီစဉ်ပေးလို့ရတယ်"

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now