-22-

1.3K 60 17
                                    

" Fire play မရဘူး၊ ice play မရဘူး ၊choke မရဘူး အထဲမထည့်ရဘူး၊ မျက်နှာပေါ် မပြီးရဘူး၊ တင်ပါးပေါ် မပြီးရဘူး၊ အမလေးလေး....

ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးနဲ့ စည်းကမ်းချက်တွေ များလွန်းလို့ ကြည့်ရတာ feelတောင် ရှိပါ့မလားထင်ခဲ့တာ"

သူရလွင်က ပြီးခဲ့တဲ့အပတ် ခိုင်မြဲပါဝင်ခဲ့သည့် ပြပွဲကို မကျေမချမ်း ပြောနေခြင်းဖြစ်သည်။

သူ မသိမသာ ပြုံးလိုက်ရင်း

" တော်ပြီပေါ့ ဒီလောက်ကြည့်ရရင်၊ စည်းကမ်း ဒီလောက်များနေတာတောင် သူက ခိုင်မြဲအပေါက်ကို အဲ့လောက် အကြာကြီး ဖြဲကြည့်သွားသေးတာ..ငယ်ပါကိုလည်း ကိုင်သွားသေးတယ်..."

" သိတာပေါ့... ငါတို့ကိုကို သူ့အကောင်လေးကို သဝန်တိုနေတာ "

" မင့်ကြီးဒေါ်..ကို သဝန်တို! သဝန်တိုနေမှတော့ အစတည်းက ပေးမလား"

" ဟွန်း ဟွန်း အနံ့တွေ ရနေတယ်နော်.."

ပြောင်စပ်စပ်ပြီတီတီ မျက်နှာ‌ရှေ့ လက်ဝှေ့ယမ်းပြလိုက်ရင်း

"ခေါ်တွေ့ရတဲ့ အဓိက ကိစ္စသာပြောစမ်းပါ.. အပိုတွေ မပြောနေနဲ့"

"အကူအညီတောင်းမလို့"

သူရလွင် ထံမှ အကူအညီဆိုတာ ကြားရင် မျက်ခုံးလှုပ်ချင်သည်။

ဘာတွေ ပြသနာရှာထားပြန်ပြီမသိ။

မေးဆတ်ပြလိုက်တော့ သူရလွင် မျက်နှာက နည်းနည်းလေးနက်သွားပြီး ခါးရှေ့ကိုင်းရင်း တိုးတိုးသာသာပြောလာသည်။

ဈေးကြီးပေးရသည့် စားသောက်ဆိုင်မို့ ဝိုင်းတွေမများဘဲ အာရုံနောက်စရာနည်းသည်။

ဒါကိုတောင် ဘေးလူကြားမှာစိုးသလို တိုးတိုးတိတ်တိတ် လုပ်နေလျှင် တော်တော်ကြီးကြီး ပြသနာရှာထားတာ ဖြစ်နိုင်သည်။

" မင်း..ခိုင်မြဲအောင်ကို အိမ်ခေါ်သွားပြီး အန်တီတို့နဲ့ မိတ်ဆက်ပေးရမယ်"

မမျှော်လင့်ထားတာကို ကြားလိုက်ရတော့ အတော်ပင် အံ့ဩသွားသည်။

" ဘာဖြစ်လို့လဲ? "

" ငါ ဟိန်း ကို အိမ်နဲ့ မိတ်ဆက်ပေးချင်ပြီ"

တစ်ဦးတည်းသော [ZG+UNI]Where stories live. Discover now